32 C
Yangon

လွိုင်​ကော်တွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ခရစ်ယာန်ဘုရား ကျောင်းနှင့် နေအိမ်အလုံး ၂၀ ကျော် ပျက်စီး

Must read

လွိုင်​ကော်တွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ခရစ်ယာန်ဘုရား ကျောင်းနှင့် နေအိမ်အလုံး ၂၀ ကျော် ပျက်စီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင်းရှိ အကြမ်းဖက်စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ကျေးရွာများအပေါ်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဝမ်းနည်းသော မယ်တော်သခင်မဘုရားကျောင်းနှင့်လူနေအိမ် အလုံး ၂၀ ကျော်ထိခိုက်ပျက်စီးခဲ့ကြောင်း PKPF သတင်းနှင့်ပြန်ကြားရေးဗျူရိုထံမှ သိရသည်။

ဖေဖော်ဝါရီလ ၄ ရက် ညပိုင်းက လွိုင်ကော်မြို့တွင်းတစ်နေရာ ၌ အကြမ်းဖက်စစ်တပ်နှင့် ဒေသခံ ပြည် သူ့ကာကွယ်ရေးတပ် ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ရာအကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကျေးရွာများအပေါ်သို့ရည်ရွယ် ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“မနေ့ညက ၁၀ ဝန်းကျင်မှာ လွိုင်ကော်၊ ဝါရီကောခူကျေးရွာမှာ တိုက်ပွဲဖြစ်ပွားမှုမရှိပဲ အကြမ်းဖက်စစ် တပ်က ရည်ရွယ် ချက်ရှိရှိ ကျေးရွာလူထုနဲ့ ဘာသာရေးအဆောက်အအုံဖြစ်တဲ့ ဝမ်းနည်းသော မယ်တော် သခင်မဘုရားကျောင်းကို ပစ်ခတ်တာဖြစ်ပါတယ်” ဟု PKPF သတင်းနှင့်ပြန်ကြားရေးဗျူရိုမှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၃ ရက်ညနေ ၆ နာရီခွဲခန့်ကလည်း အကြမ်းဖက်စစ်တပ်မှ လွိုင်ကော်မြို့အရှေ့ခြမ်းအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ရှောင်စခန်းများနှင့် စာသင်းကျောင်း၊ ဆေး ခန်းများ ထိခိုက်ပျက် စီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article