27 C
Yangon

လှိုင်တွင် မဲစာရင်းဦး​ဆောင် ​ကောက်ခံသူ အရန်မီးသတ် ၁ ဦး ပစ်သတ်ခံရပြီးနောက် စစ်တပ်က ပြည်သူ ၂၀ ကျော်ကို အကြောင်းမဲ့ ဖမ်းဆီး၊ သုံးခွတွင်လည်း အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ

Must read

လှိုင်တွင် မဲစာရင်းဦး​ဆောင် ​ကောက်ခံသူ အရန်မီးသတ် ၁ ဦး ပစ်သတ်ခံရပြီးနောက် စစ်တပ်က ပြည်သူ ၂၀ ကျော်ကို အကြောင်းမဲ့ ဖမ်းဆီး၊ သုံးခွတွင်လည်း အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်တွင် မဲစာရင်း လိုက်လံကောက်ခံခဲ့သည့် စစ်တပ် သတင်းပေး လူအေး ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ ညနေ ၃ နာရီခန့်တွင် လှိုင်မြို့နယ်၊ ၁ ရပ်ကွက်၊ ဇေယျမင်္ဂလာ ၂ လမ်းတွင် မဲစာရင်း လိုက်လံကောက်ခံခဲ့သည့် စစ်တပ် သတင်းပေး မြို့နယ် အရန် မီးသတ် တပ်ဖွဲ့ဝင် လူအေးကို အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဦးခေါင်း ကျည်ထိမှန်ကာ သေဆုံးသွားကြောင်း သိရသည်။

လူအေး သေဆုံးသွားပြီးနောက် အကြမ်းဖက် စစ်တပ်က ဇေယျာမင်္ဂလာ ၂ လမ်းကို ယနေ့ ညပိုင်းတွင် ဧည့်စာရင်း ဝင်ရောက် စစ်ဆေးပြီး လမ်းအတွင်းရှိ ပြည်သူ ၂၀ ကျော်ကို အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရသည်။

” လှိုင်မှာ လူ ၂၀ လောက် အဖမ်းခံနေရတယ်။ ဧည့်စာရင်းတွေလည်း အစစ်ခံနေရတယ်။ လက်ရှိအခြေအနေက သေဆုံးသူ လူအေး တိုက်နားက တိုက်ခန်းက လူငယ်တွေ

ပြည်သူ ၂၀ ကျော်လောက် အချုပ်ကားနဲ့ဖမ်းခေါ်သွားပါတယ်။ လက်ဖက်ရည်ဆိုင် ပိုင်ရှင်လဲ ဖမ်းသွားပါတယ်။ ဧည့်စာရင်းနဲ့ နေတဲ့သူတွေ သိမ်မကြာသေးတဲ့လူတွေ ခေါ်သွားတာပါ။ ခေါင်းရင်းတိုက်ရယ်။ ခြေရင်းတိုက်ရယ်

မျက်နှာခြင်းဆိုင်တိုက်ရယ် အကုန်လုံးက သူတွေကို ဖမ်းသွားတယ်လို့ သိရတယ်” ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အလားတူ ရန်ကုန်တိုင်း၊ သုံးခွမြိုနယ်၊ ရေပေါ်ကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ကျော်မျိူးလင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ရေပေါ်ကန် ကျေးရွာနေ ကျေးရွာ အုပ်ချုပ်ရေးမှူး ကျော်မျိုးလင်းကို ၎င်းနေအိမ်ရှေ့၌ အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဦးခေါင်းနှင့် ဝမ်းဗိုက်တို့ ကျည်ထိမှန်ကာ သေဆုံးသွားကြောင်း သိရသည်။

Photo – လှိုင်မြို့နယ်တွင် မဲစာရင်း လိုက်လံကောက်ခံခဲ့သည့် စစ်တပ် သတင်းပေး လူအေ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article