28 C
Yangon

ဝေါမြို့နှင့်ဖြူးမြို့တို့တွင် ရဲများကို ပစ်ခတ်တိုက် ခိုက် မှုများဖြစ်ပွားပြီး ရဲ ၂ ဦးသေဆုံးကာ အများအပြားဒဏ်ရာရ ၊ ဖြူးတွင် အလှူအိမ်မှ ဆက်ကြေးယူပြီးပြန်လာသည့် ရဲတပ်ဖွဲ့ဝင်များကို မိုင်းဆွဲတိုက်ခိုက်

Must read

ဝေါမြို့နှင့်ဖြူးမြို့တို့တွင် ရဲများကို ပစ်ခတ်တိုက် ခိုက် မှုများဖြစ်ပွားပြီး ရဲ ၂ ဦးသေဆုံးကာ အများအပြားဒဏ်ရာရ ၊ ဖြူးတွင် အလှူအိမ်မှ ဆက်ကြေးယူပြီးပြန်လာသည့် ရဲတပ်ဖွဲ့ဝင်များကို မိုင်းဆွဲတိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ပဲခူးတိုင်း၊ ဝေါမြို့ နှင့် ဖြူးမြို့တို့တွင် ရဲများကို ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားပြီး ရဲ ၂ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း ဒေသကာကွယ်ရေးတပ်များနှင့် ဒေသပြည်သူများထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်အချိန် ဝေါမြို့ အရှေ့ဘက် ဘုရားပျိုလမ်းထိပ်တွင် ရဲများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး ပါဝင်သော အဖွဲ့ကို ပစ်ခတ်မှုဖြစ်ပွားပြီး ၂ ဦးသေဆုံးကြောင်း၊ ၃ ဦး ဒဏ်ရာ အပြင်းအထန်ရရှိကြောင်း သိရှိရသည်။

“ဝေါမြို့ အရှေ့ဘက်ည ၈ နာရီ ၂၀ မိနစ်အချိန် ဘုရားပျိုလမ်းထိပ်မှာ ၅ ဦး အပစ်ခံရတယ်။ ၂ ဦး သေသွားပြီး ၃ကောင် က ဆန့်ငင်ဆန့်ငင် ဖြစ်နေတယ်။ ရာအိမ်မှုးရော ဆယ်အိမ်မှူးရော ပါပါတယ်။ ရဲတွေရော ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

အလားတူ ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် ဆက်ကြေးကောက်ပြီး ပြန်လာသည့် ရဲတပ်ဖွဲ့ဝင်များကို ဖြူးမြိုနယ် ပကဖ က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Bago Region PDF တပ်ဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ‌ခန့်တွင် ဖြူးမြို့နယ် ကညွတ်ကွင်းမြို့ အရှေ့ဘက် ခင်ကြီးရွာနှင့် သရက်ကုန်းရွာအကြား၌ ဘုရားလဟာကျေးရွာမှပြန်လာသော အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကို ဖြူးမြို့နယ် ပကဖ မှ ဗိုလ်ကျားကြီး ဦးဆောင်သော အဖွဲ့က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကာ နယ်ထိန်း သန့်စင်အောင် ဦးခေါင်းကျည် ထိမှန်၍ အရေးပေါ် အတွင်းလူနာဖြင့် နေပြည်တော် ဆေးရုံသို့ ပိုဆောင်ခဲ့ရကာ ကျန် ရဲ ၃ ဦးလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဘုရားလဟာကျေးရွာတွင် အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးသည် ၎င်း၏အလှူအား လုံခြုံရေး ယူပေးရန် စစ်သားများကို ၂ သိန်းကျပ်နှင့် ရဲများကို ၁ သိန်းကျပ်ဖြင့် ငှားရမ်းရကြောင်း၊ ထို ငှားရမ်းခ ဆက်ကြေးယူပြီး ပြန်လာစဥ်၌ ဖြူးမြိုနယ် ပကဖမှ ဗိုလ်ကျားကြီးအဖွဲ့က စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း မြို့နယ်ပကဖ တပ်ဖွဲ့ဝင်များမှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article