34 C
Yangon

သရက်ချောင်းတွင် ရငဲရွာသား ကိုဖြိုးငယ်ဇော်နှင့် ကိုပိုင်စိုးတို့ကို စစ်တပ်က အကြောင်းမဲ့ ပစ်သတ်

Must read

သရက်ချောင်းတွင် ရငဲရွာသား ကိုဖြိုးငယ်ဇော်နှင့် ကိုပိုင်စိုးတို့ကို စစ်တပ်က အကြောင်းမဲ့ ပစ်သတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာ အနီး အကြမ်းဖက် စစ်တပ်က ပြည်သူ ၂ ဦးကို အကြောင်းမဲ့ ပစ်သတ်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၈ နာရီခန့်တွင် သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ် လမ်းပိုင်း ဝင်းဝရဲစခန်းမှ စစ်သားနှင့် ရဲများက ရငဲကျေးရွာအနီးရှိ ကျောက်တလုံးတောရ ဥယျာဥ်ခြံ အတွင်း ရငဲရွာသား ၂ ဦးဖြစ်သည့် ကိုဖြိုးငယ်ဇော်နှင့် ကိုပိုင်စိုးတို့ကို အကြောင်းမဲ့ ပစ်သတ်ခဲ့ကြောင်း သိရသည်။

“ဘာတိုက်ပွဲမှလည်း မဖြစ်ဘူး။ စစ်ခွေးတွေက ကားလမ်းအတိုင်း လာပြီးတော့ ပစ်သွားတာ ရငဲကျေးရွာသား ကိုဖြိုးငယ်ဇော်နှင့် ကိုပိုင်စိုးတို့ကို အကြောင်းမဲ့ ပစ်သတ်သွားတာ စစ်ခွေးတွေက ကျောက်တလုံး တောရကျောင်းလမ်း အတိုင်း တောင်ပေါ်မှ ဆင်းလာပြီး ခြံရှင်းဖို့ မြက်ခုတ်စက် မြက်ဖြတ်စက် ပြင်နေတဲ့ ကိုဖြိုးငယ်ဇော်နဲ့ ကိုပိုင်စိုးတို့ ၂ ဦးကို ပိုင်စိုးရဲ့ ခြံရှေ့မှာ တွေ့ရှိပြီး ရငဲဆေးရုံနဲ့ ကိုက် ၃၀၀ ခန့်အကွာ တောရဝင်လမ်း မြိတ်-ထားဝယ် ကားလမ်းရဲ့ အရှေ့ဘက် ကိုက် ၂၀၀ အကွာမှာ ပစ်ခတ် သတ်ဖြတ်သွာတာ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ဆွေမျိုးသားချင်းတွေက ဒီနေ့ မွန်းလွဲ ၁ နာရီမှာ မီးသဂြိုလ်လိုက်တယ်လို့ သိရတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article