29 C
Yangon

သရက်ချောင်းမြို့ ခမရ ၄၀၃တပ်မှ ဆေးတပ်သား တစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အတူ CDM ဝင်

Must read

သရက်ချောင်းမြို့ ခမရ ၄၀၃တပ်မှ ဆေးတပ်သား တစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အတူ CDM ဝင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

သရက်ချောင်းမြို့နယ်၊ ဝင်းဝရဲစခန်းမှာ တာဝန်ကျနေတဲ့ ဆေးတပ်သားတစ်ဦး ဒေသတွင်းတော်လှန် ရေးအင်အားစုတွေထံ လက်နက်ခဲယမ်းတွေနဲ့အတူ CDM ပြုလုပ်ကာ အလင်းဝင်ခဲ့တယ်လို့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

အဲဒီဆေးတပ်သားဟာ အသက် ၂၃ အရွယ် ရှိပြီးအမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အောက်မှာရှိတဲ့ သရက်ချောင်းမြို့နယ် အခြေစိုက် ခမရ ၄၀၃ တပ်ရင်းက ဖြစ်ပါတယ်။

CDM တပ်သားက ကျည်ဆံ ၁၀၀၊ ရိုက်ဖယ်ပစ်ဗုံး(အီနာဂါ)တစ်လုံး၊ လက်ပစ်ဗုံး ၁ လုံးနဲ့ အတူ ဒေသတွင်းတော်လှန်ရေးအဖွဲ့တစ်ဖွဲ့ထံ လာရောက်ပူးပေါင်းခဲ့တယ်လို့ ဆိုပါတယ်။

“သူက တပ်သားတစ်ချို့နဲ့ ဝင်းဝရဲစခန်းမှာ တပ်စွဲပြီးလာနေတာကြာပြီ။ ၁၃ ရက်နေ့က တည်းက ထွက်လာပြီး အခုတော့လုံခြုံတဲ့နေရာ‌ရောက်နေပြီ။ “လို့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကပြောပါတယ်။

ပုံစာ – CDM ဆေးတပ်သားနဲ့ လက်နက်ခဲယမ်းတွေ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article