31.9 C
Yangon

သရက်မြို့နယ်၊ ဆင်ကော်ရဲစခန်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး ၁ ဦး၊ ဒုရဲအုပ် ၁ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံး၊ ရဲနှင့်စစ်သား ၈ ဦးဒဏ်ရာပြင်းထန်

Must read

သရက်မြို့နယ်၊ ဆင်ကော်ရဲစခန်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး ၁ ဦး၊ ဒုရဲအုပ် ၁ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံး၊ ရဲနှင့်စစ်သား ၈ ဦးဒဏ်ရာပြင်းထန်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

မကွေးတိုင်း၊ သရက်မြို့နယ်၊ ဆင်ကော်နယ်မြေ ရဲစခန်း ယနေ့ နံနက်ပိုင်း တိုက်ခိုက်ခံရပြီး စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး၊ ဒုရဲအုပ် ၁ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးကာ ရဲနှင့်စစ်သား ၈ ဦး ဒဏ်ရာပြင်းထန်ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် ဆင်ကော်ရဲစခန်းကို လက် နက်ကိုင်တပ်ဖွဲ့တစ်ခုက ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး ဆင်ကော်ကျေးရွာအနီးပတ်ဝန်းကျင် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားကြောင်း ၊ လက်ရှိတွင် စစ်တပ်က စစ်ကူများဖြင့် ဆင်ကော်ရဲစခန်းကို အားဖြည့်ပြီး ဆင်ကော်ကျေးရွာ ပတ်ဝန်း ကျင် တစ်ခုလုံးကို ပိတ်ဆို့ ထားကြောင်း သိရှိရသည်။

” သရက်ဆေးရုံ၊ ရင်ခွဲရုံ ကိုအလောင်း ၄ လောင်းရောက်လာပါတယ်။ ဗိုလ်ကြီး ၁ ဦး၊ ဒုရဲအုပ် ၁ ဦး၊ တပ် သား ၁ ဦး၊ စစ်ကား မောင်းပေးတဲ့ ကားသမား ၁ ဦး စုစုပေါင်း ၄ လောင်းရောက်ပါတယ်။ ရဲ ၁ ဦးနဲ့ စစ်သား ၈ ဦး ဒဏ်ရာတွေနဲပ ဆေးကုသမှု ခံယူနေကြရတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

ဓာတ်ပုံ- သရက်မြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်များကို စစ်တပ်က လက်နက်ပစ်ခတ်နည်းသင်တန်းပေးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article