36 C
Yangon

သရက်မြို့ရှိ စစ်ကောင်စီ၏ လက်နက်စက်ရုံ ကပစ ၁၂ နှင့် ရေမျက်ကျေးရွာရဲစခန်း ရှော့တိုက်ဒုံး၊ ဒရုန်းဗုံးများဖြင့် ပစ်ခတ်

Must read

သရက်မြို့ရှိ စစ်ကောင်စီ၏ လက်နက်စက်ရုံ ကပစ ၁၂ နှင့် ရေမျက်ကျေးရွာရဲစခန်း ရှော့တိုက်ဒုံး၊ ဒရုန်းဗုံးများဖြင့် ပစ်ခတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

မကွေးတိုင်း သရက်မြို့ရှိ သရက်မြို့ ကပစ ၁၂ ကို ယနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက် ၂ နာရီ ၅၀ မိနစ်အချိန်တွင် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း သရက်ခရိုင်တပ်ရင်း ၄(Eagle Force) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် သရက်မြို့ရှိ ရေမျက်ကျေးရွာရဲစခန်းကိုလည်း နံနက် ၆ နာရီ ၄၅ မိနစ်အချိန်တွင် ဒရုန်းဖြင့် ဗုံးသီး တစ်လုံးချ၍ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“သေဆုံးမှု စုံစမ်းဆဲပါ။ သူတို့ဘက်က ပြန်ပစ်ခတ်တာ မရှိပါဘူး ။ (ဒရုန်းဗုံးသီး) စခန်းဝိုင်းထဲကို ကျခဲ့ပါတယ်” ဟု သရက်ခရိုင်တပ်ရင်း ၄ (Eagle Force) မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article