28 C
Yangon

သုံးဆယ်မြို့ရှိ ပျူစောထီး လောင်းကစားဝိုင်းကို သတိပေး ဖောက်ခွဲ တိုက်ခိုက်

Must read

သုံးဆယ်မြို့ရှိ ပျူစောထီး လောင်းကစားဝိုင်းကို သတိပေး ဖောက်ခွဲ တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူစောထီးအဖွဲ့များ ပြုလုပ်သည့် လောင်းကစားဝိုင်းကို သတိပေး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်တွင် သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ရှိ ချမ်းသာကုန်းနှင့် ညောင်လေးပင်ရွာအကြား သုဿန်အနီးတွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူစောထီးအဖွဲ့များ ပြုလုပ်သည့် လောင်ကစားဝိုင်းကို သာယာဝတီဂဠုန်တပ်ဖွဲ့နှင့် မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က သတိပေး ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့သို့ အသတိပေး ဖောက်ခွဲ တိုက်ခိုက် ပြီးနောက် ပျူစောထီးအဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်စဥ် ဂဠုန် တပ်ဖွဲ့ဝင်များက ခုခံ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သာယာဝတီမြို့နယ် ပျူစောထီးအဖွဲ့ဝင် ဘိုကျောက်ကို ကျည်ထိမှန်ခံကာ သာယာဝတီ ပြည်သူ့ဆေးရုံသို့ ညတွင်းချင်း ပို့ဆောင်ထားရပြီး သေဆုံးခြင်း မရှိကြောင်း သိရသည်။

“အဲကောင် (ဘိုကျောက်)က ကျွန်တော်တို့ ဂဠုန်တပ်ဖွဲ့ဝင်တွေကို စကေဘာနဲ့ ဝင်ထိုးတာ အဲတာကြောင့် ကျွန်တော်တို့ ပစ်ခတ်ခဲ့ရတယ်။ သေတော့ မသေဘူး။ ဆေးရုံတင်ထားရတယ်လို့ သိရတယ်။ သူတို့က အဖွဲ့လိုက်ကြီး ဝိုင်းချုပ်ဖို့လုပ်တော့ လွတ်နေတဲ့ တစ်ယောက်က ပစ်ခတ်လိုက်တာပေါ့” ဟု သာယာဝတီဂဠုန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ဓာတ်ပုံ- အိမ်မဲမြို့နယ်၊ ကမ်းပြိုအုပ်စု သစ်တိုချောင်းကျေးရွာရှိ ဥပဒေမဲ့ လောင်းကစားဝိုင်း (ပုံအဟောင်း)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article