38 C
Yangon

သံတောင်ကြီးနှင့် ပုလဲတို့တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံး၊ မြိုင်တွင် ခြေလျင်စစ်ကြောင်းကို ပီပါမိုင်း ၂ လုံးဖြင့် မိုင်းဆွဲမှု စစ်သား ၈ ဦးသေဆုံး

Must read

သံတောင်ကြီးနှင့် ပုလဲတို့တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံး၊ မြိုင်တွင် ခြေလျင်စစ်ကြောင်းကို ပီပါမိုင်း ၂ လုံးဖြင့် မိုင်းဆွဲမှု စစ်သား ၈ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ညနေ ၆ နာရီခန့်တွင် သံတောင်ကြီးမြို့နယ် ကျေးကတော့မြို့သစ်မှ ရှမ်းလယ်ပြင်ကျေးရွာအတွင်း ထွက်ခွာလာသော အကြမ်း ဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက် ခိုက်ခဲ့ပြီး စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“ကျေးကတော့မြို့သစ် ကနေ ရှမ်းလယ်ပြင် ကျေးရွာနယ်မြေအတွင်း ထွက်ခွာလာတဲ့ စစ်ကောင်စီ တပ်သားတွေကို မိုင်းဆွဲ တိုက်ခိုက်တာ ၅ ဦး သေသွားတယ်။ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ရိက္ခာပို့ စစ် ကြောင်း ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Pale Joker အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် အင်းမထီး ပျူစခန်းကို အင်းကြင်းစု ကျေးရွာမှ လှည်အစီး ၂၀ ခန့်ဖြင့် ရိက္ခာများသယ်ယူလာပြီး အင်းမထီးပျူစခန်းတွင် အထိုင်ချ ညအိပ်စဥ် pale joker အဖွဲ့မှ လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ယင်းအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကိုင်းတွင်းရွာသို့ ရောက်ရှိလာပြီး ပြည်သူပိုင် နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးကာ မင်းတိုင်ပင်ရွာသို့ ထွက်ခွာသွားကြောင်း၊ ညပိုင်းတွင် စစ်ကြောင်းသည် မင်းတိုင် ပင်ရွာ၌ အထိုင်ချ တပ်စွဲပြီး ည ၈ နာရီ ၃၀ မိနစ်တွင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ကျောက်ဖြာကန်ရွာသို့ ကျရောက်ကာ ကျေးရွာနေ ပြည်သူများ ညတွင်းချင်း ထွက်ပြေး တိမ်းရှောင် ခဲ့ရကြောင်းသိရသည်။

ထို့အတူ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၉ နာရီအချိန် မကွေးတိုင်း၊မြိုင်မြို့တောင်ဘက်ပိုင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို ပီပါ မိုင်း ၂ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၈ ဦးထက်မနည်း သေဆုံးနိုင်ကြောင်း မြိုင်မြို့နယ်၊ သပြေတော ပြည်သူ့ကာကွယ်ရေး တာဝန်ရှိသူ ဆရာချမ်းက ပြောဆိုသည်။

“မြိုင်မြို့တောင်ဘက်မှာ ကျနော်တို့ ကင်းပုန်းဝပ်တဲ့နေရာကို သတင်းရလာဝိုင်းတဲ့ သဘောရှိတယ်ဗျ။ အဲဒီနေရာကို ကျွန်တော်တို့အဖွဲ့တွေက ၃ရက်ရှိပြီ ကင်း ပုန်းဝပ်နေတာ။ ပထမ ဖောကားနဲ့အင်အား ၃၀ နဲ့မြို့ပြင်ထွက်လာတယ်။ ခဏနေတော့ ကင်းပုန်းရှိတဲ့ဘက်ကို ခြေလျင် ပဆောက်ပုံနဲ့ ကျွန်တော်တို့ဘက်ကို ချဉ်းကပ်လာတယ်။ကျွန်တော်တို့ကလည်းကြိုသိလို့ ပီပါမိုင်း အကြီး၂ လုံးထောင်ပြီးနောက်ဆုတ်လိုက်တယ်။ ခဏနေတော့ စစ်ခွေးတွေ မိုင်းကွင်းထဲရောက်လာလို့ မိုင်းဆွဲလိုက်တယ်။ ခွေး‌၈ကောင်ကတော့ လေပေါ်မြောက်တပ်သွားတယ်။ တခြားစစ်သားတွေလည်းသေဆုံးတာတွေရှိနိုင်တယ်” ဟု သပြေတော ပကဖတာဝန်ရှိသူ ဆရာချမ်းက ပြောဆိုသည်။

စစ်ဆင်ရေးတိုက်ခိုက်မှုကို သပြေတောပကဖ၊ မြိုင်မြိုနယ်ပကဖကတပ်ရင်း ၁၊ တပ်ခွဲ၃၊ Royal Seven Revolution Force ၊ အညာမြေပြောက်ကြားအဖွဲ့၊ DOER အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- မြိုင်ပကဖ၏ ပီပါမိုင်း ၂ လုံး။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article