37 C
Yangon

သံတောင်မြို့၊ ၁၃ မိုင်ရှိ ပြည်သူပိုင် အိမ်များကို စစ်ကောင်စီတပ်က အကြောင်းမဲ့ မီးရှို့

Must read

သံတောင်မြို့၊ ၁၃ မိုင်ရှိ ပြည်သူပိုင် အိမ်များကို စစ်ကောင်စီတပ်က အကြောင်းမဲ့ မီးရှို့

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ၊ သံတောင်မြို့ ၁၃ မိုင်ရှိ ပြည်သူပိုင်နေအိမ်များကို စစ်ကောင်စီတပ်များက အကြောင်းမဲ့ မီးတင်ရှို့သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်များက သံတောင်မြို့ ၁၃ မိုင်ဘက်သို့ တက်လာပြီး နေအိမ် ၃ လုံးထက်မနည်းကို မီးတင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးတင်ရှို့နေချိန်တွင် တိုက်ခိုက်ရေးရဟတ်ယာဉ် တစ်စင်း ဝဲပျံခဲ့ကြောင်း ၊ နေအိမ်များကို မီးရှို့ရာတွင်လည်း တိုက်ပွဲ ဖြစ်ပွား ခြင်းမရှိဘဲ အကြောင်းမဲ့ မီးတင်ရှို့ခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

“ဒီနေ့ မွန်းလွဲပိုင်းမှာ သံတောင်မြို့ ၁၃ မိုင်မှာရှိတဲ့ နေအိမ်တွေကို မီးစရှို့တယ်။ လေယဉ်ကလည်းဝဲနေတယ်။ တိုက်ပွဲဖြစ်တာလည်းမရှိပါဘူး။ အကြောင်းမဲ့ကို အိမ်တွေကို လာရှို့တာပါ။ ပြည်သူတွေကတော့ ရှောင်နေကြတာများတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

သံတောင်မြို့သစ် ၁၃ မိုင်ပတ်ဝန်းကျင်တွင် စစ်တပ်များ ရှိနေပြီး ကင်းပုန်းများစွာချထားကြောင်း၊ စစ်ရေးအရ အသင့်နေရာယူထားသဖြင့် အချိန်မရွေးတိုက်ပွဲများဖြစ်ပွား နိုင်သည့် အခြေအနေ မြင်ရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article