34 C
Yangon

သံတောင်မြို့ ၁၃ မိုင်ရှိ ပြည်သူပိုင် နေအိမ်များနှင့် ပစ္စည်းများကို စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

သံတောင်မြို့ ၁၃ မိုင်ရှိ ပြည်သူပိုင် နေအိမ်များနှင့် ပစ္စည်းများကို စစ်တပ်က မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

ကရင်ပြည်နယ်၊ သံတောင်မြို့ ၁၃ မိုင်ရှိ ပြည်သူပိုင် နေအိမ်များနှင့် ပစ္စည်းများကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် လက်နက်ကြီးနှင့် လက်နက်ငယ် ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ပြီးနောက် အကြမ်းဖက် စစ်တပ်က သံတောင်မြို့ ၁၃ မိုင်ရှိ ပြည်သူပိုင် နေအိမ်များနှင့် ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“သံတောင်မြို့ ၁၃ မိုင်မှာရှိတဲ့ ပြည်သူပိုင် နေအိမ် ၅ လုံးနဲ့ ကား၊ ဆိုင်ကယ်တွေကို စစ်ခွေးတွေက မီးရှို့ဖျက်ဆီးသွားတယ်။ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေ ကြားပြီးတဲ့နောက် စစ်ခွေးတွေက မီးရှို့တော့တာပဲ” ဟု ဒေသခံ ပြည်သူတစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article