36 C
Yangon

အကြမ်းဖက်စစ်တပ်က မင်းလှမြို့နယ် မန်း သံပရာကန် ရေနံချက်စက်ရုံသို့ ရေနံစိမ်းပို့လွှတ်သော ၁၀လက်မ ရေနံပိုက်လိုင်းကို ဖောက်ကာ ရေနံများ ခိုးယူ

Must read

အကြမ်းဖက်စစ်တပ်က မင်းလှမြို့နယ် မန်း သံပရာကန် ရေနံချက်စက်ရုံသို့ ရေနံစိမ်းပို့လွှတ်သော ၁၀လက်မ ရေနံပိုက်လိုင်းကို ဖောက်ကာ ရေနံများ ခိုးယူ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

မင်းလှမြို့နယ် မန်း သံပရာကန် ရေနံချက်စက်ရုံသို့ ရေနံစိမ်းပို့လွှတ်သော ၁၀လက်မ ရေနံပိုက်လိုင်းကို စစ်တပ်က ဖောက်ကာ ရေနံများ ခိုးယူနေသည်ကို ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ဆေးသိရှိခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

မကွေးတိုင်း၊ မင်းဘူးမြို့နယ် မင်းဘူး-မင်းလှ ကားလမ်းပေါ်ရှိ ချောင်းကောက် တံတားထိပ် ညောင်ပင်သာ စစ်တပ် စစ်ဆေးရေးဂိတ်နှင့် ပေ ၁၅၀၀ ခန့်အကွာ၌ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်ခန့်တွင် SOJEN 5G/7810 ကားပေါ်သို့ ရေနံအိတ်များတင်နေသည်ကို မသင်္ကာဖွယ်ရာ တွေ့ရှိသဖြင့် ထောက်ရှာပင် ရေနံမြေ လုံခြုံရေးဝန်ထမ်းများက ဖမ်းဆီးစစ်ဆေးခဲ့ရာမှ အကြမ်းဖက်စစ်တပ်၏ ရေနံခိုးယူမှု သိရှိရခြင်းဖြစ်သည်။

အကြမ်းဖက်စစ်တပ်သည် ထောက်ရှာပင် ကမ်းနီရေနံမြေ မှ မင်းလှမြို့နယ်ရှိ မန်းသံပုရာကန် ရေနံချက်စက်ရုံ သို့ ပို့လွှတ်သော ၁၀ လက်မ ရေနံ ပိုက်လိုင်းအား Hand Drill ဖြင့် အပေါက်ဖောက်၍ တစ်အိတ်လျှင် ၁၀ ဂါလံခန့်ဆန့်သော ဆာလာအိတ် ၁၂၀ လုံးဖြင့် (စုစုပေါင်း ရေနံစိမ်း ဂါလံ – ၁၂၀၀ ကျော်) ခိုးယူနေခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရသည်။

လုံခြုံရေးဝန်ထမ်းများမှ ယင်းယာဉ်နှင်အတူ တွေ့ရှိသူ ယာဉ်မောင်းနှင့် စစ်သားတစ်ဦးအား ထိန်းသိမ်းထားစဉ် ညောင်ပင်သာ စစ်တပ်ဂိတ်မှ တာဝန်ကျ ဗိုလ်ကြီးမျိုးမင်းနဲ့ အခြားစစ်သားများ သေနတ်များ ကိုင်ဆောင်ကာ ရောက်ရှိလာပြီး “ဒါ ငါ့တပည့်တွေကွ အခုလွှတ်” ဟု ပြောပြီး အတင်း ပြန်လည်ခေါ်ဆောင်သွားသဖြင့် ဖမ်းဆီးရမိသည့် ကား SOJEN 5G/7810 နှင့် ရေနံအိတ် ၁၂၀ အား မင်းလှရဲစခန်းသို့ ပိုင်ရှင်မဲ့အဖြစ်ဖြင့်သာ ပေးပို့ အမှုဖွင့်နိုင်ခဲ့ကြောင်း ဒေသခံများထံမှသိရှိရပါသည်။

မန်းသံပုရာကန်စက်ရုံ သည် စစ်တပ်အတွက် လိုအပ်နေ သော စက်သုံးဆီ နှင့် လေယာဥ်ဆီများ အဓိက ထုတ်လုပ် နေသော စက်ရုံဖြစ်ပြီး ယင်းဧရိယာ မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော ဧရိယာလည်း ဖြစ်သည်။

ယခု အချိန်တွင် ရေနံမြေအတွင်း စစ်တပ်နှင့် ရဲများက လုံခြုံရေးတာဝန်ယူရမည့်အစား မသမာမှုများ ကို အကျင့်ပျက် ဝန်ထမ်းအချို့နှင့်ပူးပေါင်းကာ ရေနံစိမ်းများ ခိုးယူနေကြခြင်း ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article