28 C
Yangon

အကြမ်းဖက် မင်းအောင်လှိုင် စစ်တွေ ရောက်ရှိလာချိန် ရခိုင်ပြည်နယ်တွင် အချိန်မရွေး တိုက်ပွဲ ပြန်ဖြစ်နိုင်ဟု AA ပြောခွင့်ရ ခိုင်သုခ တရားဝင် ပြောဆို

Must read

အကြမ်းဖက် မင်းအောင်လှိုင် စစ်တွေ ရောက်ရှိလာချိန် ရခိုင်ပြည်နယ်တွင် အချိန်မရွေး တိုက်ပွဲ ပြန်ဖြစ်နိုင်ဟု AA ပြောခွင့်ရ ခိုင်သုခ တရားဝင် ပြောဆို

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၇

ရက္ခိုင့်တပ်တော် နှင့် အကြမ်းဖက်စစ်တပ် ယာယီအပစ်အခတ်ရပ်ထား၍ သေ နတ် သံတိတ် နေသော် လည်း အာမခံချက်ရှိသည့် အနေအထားတွင် မရှိဘဲ တိုက်ပွဲ အချိန်မရွေး ပြန်လည် ဖြစ်ပွားနိုင်ကြောင်း ရက္ခိုင့်တပ်တော် AA ပြော ခွင့်ရ ခိုင်သုခက ယနေ့ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

AA ပြောခွင့်ရ ပုဂ္ဂိုလ် ခိုင်သုခ က ထိုသို့ ပြောဆိုချိန်သည် အကြမ်းဖက် စစ် ခေါင်း ဆောင် မင်းအောင်လှိုင် ရခိုင်ပြည်နယ်သို့ ရောက်ရှိနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

စစ်တပ်အနေဖြင့် နည်းဗျူဟာအရ တစ်ဖက်တွင် အပစ်ရပ်ထားသော်လည်း တစ် ဖက်တွင် စစ်ရေးအရ လူ လက်နက် ရိက္ခာစုဆောင်းမှုများနေ့စဉ်ရက်ဆက် ပြုလုပ်နေကြောင်း၊ AAနှင့်ပတ်သက်၍လည်း စစ်တပ်သည် နိုင်ငံရေးအရ တွန်း တိုက်မှုများဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ခိုင်သုခကပြောသည်။

ထို့ပြင် ယာယီအပစ်ရပ်လိုက်၍ ပြည်သူများ စပါးရိတ်သိမ်းခွင့်၊ တချို့နေရာ များတွင် ပွဲလမ်းသဘင်ပြု လုပ်ခွင့်များ ရရှိခဲ့သော်လည်း ရခိုင်ပြည်သူများ၏ မူလအခွင့်ရေးများနှင့် လွတ်လပ်စွာသွားလာခွင့်များကိုလည်း ပိတ်ပင် ထားဆဲ ဖြစ် ကြောင်း ခိုင်သုခကပြောသည်။

တောင်ကုတ်ဘက်တွင်လည်း တစ်ရွာဝင်တစ်ရွာထွက် AAနှင့်မပတ်သက်ရန်၊ မဆက်သွယ်ရန်၊ ULA AA သည် တရားမဝင် အဖွဲ့အစည်းဆိုပြီး လိုက်လံ ပြော ဆို နေကြောင်း၊ မြန်မာစစ်တပ်သည် ယင်းကဲ့သို့ ကိစ္စများဆိုးဆိုးရွားရွား ဆက် လက်ပြုလုပ်လာလျှင် တိုက်ပွဲလမ်းကြောင်း အချိန်မရွေး ပြန်ရောက် နိုင် သည့် အနေအထားတွင် ရှိကြောင်း ရက္ခိုင့်တပ်တော် AA ပြောခွင့်ရ ခိုင်သုခက ပြော သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article