32 C
Yangon

အကြမ်းဖက် မင်းအောင်လှိုင်ဘက်မှာ အာဏာရှင်ဟောင်း သန်းရွှေ ရပ်တည် နေတယ် လို့ စစ်လော်ဘီ တွေ သတင်းစကားပေးနေသလား

Must read

အကြမ်းဖက် မင်းအောင်လှိုင်ဘက်မှာ အာဏာရှင်ဟောင်း သန်းရွှေ ရပ်တည် နေတယ် လို့ စစ်လော်ဘီ တွေ သတင်းစကားပေးနေသလား

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ လက်ဦးဆရာ အာဏာရှင်ဟောင်း သန်းရွှေရဲ့ ဓာတ်ပုံတွေကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညပိုင်းမှာ စစ်တပ်လော်ဘီ တယ်လီဂရမ် အကောင့်တွေကနေ ထုတ် ပြန်လာပါတယ်။

ဓာတ်ပုံရဲ့ အချိန်ကာလကို မဖော်ပြထားပေမယ့် အကြမ်းဖက် မင်းအောင်လှိုင် တည်နေတဲ့ မာရဝိဇယ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်ရဲ့ တည်ဆောက်ရေး လုပ်ငန်းတွေကို သွားရောက် လေ့ လာ ပြီး ပိဋကတ်သုံးပုံပါဠိတော် အဋ္ဌကထာဋီကာကျမ်းစာများကို စကျင်ကျောက်မှာ ထွင်းထု စိုက်ထူ ထားတာ တွေကို လေ့လာတယ်လို့ ဖော်ပြပါတယ်။

ကျောက်ဆည်သား၊ အညာသား သန်းရွှေကတော့ စစ်တပ်လော်ဘီတွေ ဖော်ပြထားတဲ့ ဓာတ်ပုံ ထဲမှာတော့ ကျန်းကျန်းမာမာနဲ့ ထူထူထောင်ထောင် ကျောက်စာတွေကို လေ့လာနေ တာမြင်ရ ပါ တယ်။ အတိတ် မေ့ ရောဂါ ခံစားနေရတယ်ဆိုတဲ့ သတင်းတွေ မဟုတ်မှန်ဘဲ အာဏာရှင် ဟောင်း သန်းရွှေ ကျန်းကျန်းမာမာ ရှိနေတယ်လို့ စစ်လော်ဘီတွေက ဆိုပါတယ်။

ဒါပေမယ့် ဓာတ်ပုံက ပေးတဲ့ သတင်းစကားတစ်ခုရှိနေပါတယ်။ အဲဒါကတော့ မင်းအောင်လှိုင် တည်နေတဲ့ မာရဝိဇယ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်ကို အာဏာရှင် ဟောင်း သန်းရွှေက သွားရောက် လေ့လာ ဖူး မြော် နေတယ်လို့ ဆိုထားတာကြောင့် မင်းအောင်လှိုင်နဲ့ အာဏာရှင် ဟောင်းသန်းရွှေအကြားမှာ ဆက်ဆံရေး တစ်ခုထူထောင်ထားတယ်၊ အာဏာရှင်ဟောင်း သန်းရွှေအနေနဲ့ မင်းအောင်လှိုင် ရမ်းကားသတ်ဖြတ် အာဏာသိမ်း လုပ်ဆောင် တာတွေကို သိရှိတဲ့အပြင် မင်းအောင်လှိုင် တည်ထားတဲ့ ဘုရားကို လေ့လာ ဖူးမြှော်တာက မင်းအောင်လှိုင်ကို အာဏာရှင်ဟောင်း သန်းရွှေအနေနဲ့ ထောက်ခံတယ်ဆိုတဲ့ သတင်းစကား ပေးချင်ပုံရတယ်လို့ အကဲခတ်တွေက ဆိုပါတယ်။

“ဆရာ၊ တပည့် ဆက်ဆံရေးကတော့ အခုထက်ထိ ရှိနေတုန်းလို့ သိရပါတယ်။ တပ်ချုပ်ရာထူးကို ဦးသန်းရွှေက ပေးခဲ့လို့သာ လက်ရှိ တပ်ချုပ်က ရတာ။ တကယ်က တပ်ချုပ်ရွေးတုန်းက DSA အပတ်စဉ် ၁၉ ကျောင်း ဆင်း ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ထက် စီနီယာကျတဲ့ DSA အပတ်စဉ် ၁၈ ကျောင်းဆင်း ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင် ကျော်ပြီး ဦးသန်းရွှေက ပေးခဲ့တာလည်း အားလုံးသိတာပဲ။ နိုင်ငံရေးအရ ထောက်ခံသလား၊ တိုင်ပင်သလား ဆိုတာတော့ ကျနော်တို့ အတိအကျ မသိဘူး။ ဒါပေမယ့် ဆရာ၊ တပည့် ဆက်ဆံရေးကတော့ ခိုင်ခိုင်မာမာရှိနေတယ်။ ဦးသန်းရွှေဆီကို အဝင်အထွက် မကြာခဏဆိုသလို ရှိနေတယ်” လို့ စစ်ဘက်သတင်းရင်းမြစ်က ပြောပါတယ်။

အာဏာရှင်ဟောင်း သန်းရွှေအနေနဲ့ ၂၀၁၁ ခုနှစ် အာဏာလွှဲပြီးချိန်ကတည်းက ဘာသာရေးနဲ့ စာဖတ် တာ တွေကိုပဲ အဓိကလုပ်ပြီး နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခြင်းမရှိတော့ဘူးလို့ စစ်အသိုင်း အဝိုင်းက ပြောဆိုမှု တချို့ရှိပေမယ့်လည်း လက်ရှိ အာဏာရှိသူတွေက အာဏာရှင်ဟောင်း သန်းရွှေကို သွားရောက်တင်ပြ အကြံဉာဏ်တောင်းခံတာတွေကတော့ ရှိနေပါတယ်လို့ ဆိုကြပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article