37 C
Yangon

အမေရိကန် ဒုတိယ နိုင်ငံခြား ရေးဝန်ကြီး နှင့် NUG နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ၊ မြန်မာ စစ်တပ်၏ အကြမ်းဖက်မှုများ ရပ်တန့်ရေး အမေရိကန်က ဆက်လက် ဆောင်ရွက်နေ

Must read

အမေရိကန် ဒုတိယ နိုင်ငံခြား ရေးဝန်ကြီး နှင့် NUG နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ၊ မြန်မာ စစ်တပ်၏ အကြမ်းဖက်မှုများ ရပ်တန့်ရေး အမေရိကန်က ဆက်လက် ဆောင်ရွက်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်သည် အမေရိကန်ပြည်ထောင်စု ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman နှင့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ကြကြောင်း NUG က တရားဝင် သတင်းထုတ်ပြန်သည်။

အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးက အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝါရှင်တန်ဒီစီ ရုံးခွဲ ဖွင့်လှစ်ခြင်းကို ကြိုဆိုပါကြောင်း၊ အမေရိကန်ပြည်ထောင်စုအနေနှင့် မြန်မာ့ဒီမိုကရေစီအရေးဆောင်ရွက်နေသူများနှင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများအား အစဥ်အမြဲအားပေးထောက်ခံနေပါကြောင်း ပြောကြားသည်ဟု သိရှိရသည်။

အမေရိကန်ပြည်ထောင်စု ဒုတိယနိုင်ငံခြားရေးဝန်ကြီးအနေဖြင့် အကြမ်းဖက်စစ်အုပ်စုအကြမ်းဖက်လုပ်ရက်များ ရပ်တန့်နိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စု၏ ဆောင်ရွက်နေမှုများကို အလေးအနက်ထားပြောကြားသွားခဲ့ပြီး မြန်မာ့ဒီမိုကရေစီအရေးအတွက် ၎င်းတို့၏မိတ်ဖက်အဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောဆိုသည်။

အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman သည် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ၂၀၂၂ ခုနှစ် မေလအတွင်း အမေရိကန်ပြည်ထောင်စုတွင် တွေ့ဆုံခဲ့ပြီး ယခု တွေ့ဆုံမှုမှာ ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article