37 C
Yangon

အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းစစ်ဒေသက နဂါးနီစစ်ကြောင်းအတွက် လက်နက်များ အခမ်းအနားဖြင့် တပ်ဆင်ပေးအပ်

Must read

အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းစစ်ဒေသက နဂါးနီစစ်ကြောင်းအတွက် လက်နက်များ အခမ်းအနားဖြင့် တပ်ဆင်ပေးအပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းစစ် ဒေသ၊ ဒုစစ်ဒေသမှူး ရဲဘော်စောရှားနှင့် တောင်ပိုင်းစစ်ဒေသ၊ တာဝန်ရှိပုဂ္ဂိုလ်များက စစ်ဒေသခွဲအမှတ် ၃ အတွင်းရှိ ပြည်သူ့ကာ ကွယ်ရေးတပ်မတော်​၏ နဂါးနီစစ်ကြောင်း ကို လက် နက်များ တပ်ဆင် ပေးအပ်ပွဲကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ တွင်ပြုလုပ်ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ဒေသခွဲ အမှတ် ၃ အတွင်း စစ်ဆင်ရေးနှင့်ပတ်သက်၍ ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ရဲဘော်များသို့ ရှင်းလင်းပြောကြားခဲ့ပြီး နွေဦးတော်လှန်ရေး၏ ၂ နှစ်ကျော်ကာလအတွင်း အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးအတွက် ရဲဘော်များ၏ စိတ်ဓာတ်မာကျောနေမှုများကို ဂုဏ်ပြုဩဝါဒစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article