33 C
Yangon

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နိုင်ငံခြားရေးပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်က အမေရိကန်ရောက် မြန်မာပြည်သူများနှင့်တွေ့ဆုံ

Must read

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နိုင်ငံခြားရေးပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်က အမေရိကန်ရောက် မြန်မာပြည်သူများနှင့်တွေ့ဆုံ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

အမျိုးသားညီညွတ်ရေးအစိုးရ၊နိုင်ငံခြားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့နှင့် နယူးယောက်မြန်မာလူထုတွေ့ဆုံပွဲကို နယူးယောက်မြို့ရှိ St.James Episcopal Church တွင် ကျင်းပခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲကို ဖေဖော်ဝါရီလ ၁၁ရက်နေ့ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၂ ရက်နေ့ ) မွန်းလွဲ ၂ နာရီမှ ညနေ ၄နာရီအထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နယူးယောက်မြို့ရှိ မြန်မာပြည်ဖွားတိုင်းရင်းသား ၃၅၀ ကျော်တက်ရောက်ခဲ့ကြသည်။

တော်လှန်ရေးတွင် စိတ်အားထက်သန်စွာပါဝင်နေကြသော အမေရိကန်ရောက်တော်လှန်ရေးညီအကိုမောင်နှမများအား ကျေးဇူးတင်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပြီးလက်ရှိဖြစ်ပေါ်တိုးတက်နေသော နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

တက်ရောက်လာကြသူများကလည်း ၎င်းတို့သိလိုသည်များကို မေးမြန်းကြပြီး ပြည်ထောင်စုဝန်ကြီး ဒုတိယဝန်ကြီးနှင့် သံအမတ်ကြီးတို့က အသေးစိတ်ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article