38 C
Yangon

အရာတော်မြို့နယ်တွင် ၃ ရက်တာ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၉ ဦး အထိ သေဆုံးပြီး PDF ၂ ဦးကျဆုံး၊ ယနေ့ စစ်တပ်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ပြန်

Must read

အရာတော်မြို့နယ်တွင် ၃ ရက်တာ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၉ ဦး အထိ သေဆုံးပြီး PDF ၂ ဦးကျဆုံး၊ ယနေ့ စစ်တပ်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ပြန်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် ၃ ရက်တာ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၉ ဦး အထိ သေဆုံးမှု ရှိနေပြီး ယနေ့ စစ်တပ်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသကာကွယ်ရေးတပ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကောင်စီတပ်များက အင်အား ၈၅ ဦးဖြင့် အရာတော်မြို့နယ် ကျောက်ပြုတ်ကျေးရွာကို စစ်ကြောင်း ထိုးပြီး နမသင်းအရှေ့ရွာနှင့် အနောက်ရွာကို မီးရှို့လာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲ စတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှစတင်၍ အရာတော်မြို့နယ်၊ နမသင်းကျေးရွာတွင် PDF တပ်ပေါင်းစုများနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲမှာ ယနေ့ အချိန်အထိ ဆက်လက်ဖြစ်ပွားနေကြောင်း၊ စစ်တပ်ဘက်မှ ၃ ရက်တာ တိုက်ပွဲအတွင်း ၁၉ ဦး သေဆုံးပြီး ယနေ့ တွင် ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရှိရသည်။

“ဒီမနက် ၁၀ နာရီမှာလည်း တိုက်ပွဲတွေဖြစ်နေတယ်။ ဖေဖော်ဝါရီ ၂၁ ရက်နေ့ကနေ စဖြစ်တာ။ တိုက်ပွဲစဖြစ်တာက နမသင်းကျေးရွာကနေ စဖြစ်တာ။ ဒီနေ့ဆို ၃ ရက်ရှိပြီ ပထမက နမသင်း အရှေ့ရွာတစ်ကြိမ်၊နောက်တိုက်ပွဲက မနေ့ကတစ်ကြိမ်ဖြစ်တယ်။ ဒီနေ့ထပ်ဖြစ်နေတယ်။တိုက်ပွဲ ၃ ခုလုံးမှာ စစ်ကောင်စီဘက်တော်သား ၁၉ ဦးလောက်သေနေပြီ။ ကျနော်တို့ဘက်ကလည်း ၂ ဦး ကျဆုံးတယ်။ ၁ ဦးဒဏ်ရာရရှိထားတယ်။ မစိုးရိမ်ရပါဘူး” ဟု အရာတော်မြို့နယ် တော် လှန်ရေး အဖွဲ့တစ်ခု၏ ခေါင်းဆောင်ဗိုလ်ရန်ရှင်းက ပြောသည်။

ယနေ့ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင်လည်း မင်းရွာ၊ မလဲသာ၊ ကုန်တောကျေးရွာများတစ်၀ိုက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များက တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် မွန်းလွဲ ၂ နာရီတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များကလည်း စစ်ကူအင်အားများ ထပ်မံ ချထား ပေးသွားကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article