31 C
Yangon

အရာတော်မြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က ၅ ရက်ဆက်တိုက် မီးရှို့၊ စာသင်ကျောင်းနှင့် ဆေးရုံကိုပါ စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ် ဖျက်ဆီး

Must read

အရာတော်မြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က ၅ ရက်ဆက်တိုက် မီးရှို့၊ စာသင်ကျောင်းနှင့် ဆေးရုံကိုပါ စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ် ဖျက်ဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က အကြမ်းဖက် စစ်တပ်က ၅ ရက် ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း အရာတော် သပိတ်ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ အရာတော် မြို့နယ်ရှိ မင်းရွာ၊ မလဲသာရွာနှင့် ကန်ရင်းရွာတို့ကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့​ကြောင်း၊ ထို့ပြင် ကျေးရွာအတွင်းရှိ အထက်တန်းကျောင်းနှင့် ဆေးရုံကိုပါ စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဆေးရုံအတွင်းရှိ ဆေးပစ္စည်းများကိုပါ စစ်သားများက ဖျက်ဆီးသွားကြောင်း သိရသည်။

” ကျေးရွာ ၃ ရွာကို စစ်ခွေးတွေက ၅ ရက်ဆက်တိုက် စီးနင်း မီးရှို့သွားတာ ဆေးရုံ နဲ့ စာသင်ကျောင်းကိုပါ ရဟတ်ယာဥ်နဲ့ ပစ်ပြီး ဖျက်ဆီးသွားတာ ဆေးရုံထဲက ဆေးတွေ အကုန်လုံးကိုလည်း ဖျက်ဆီးသွားတယ်။ ပျက်စီးဆုံးရှုံးမှု အခြေ အနေနဲ့ အရေအတွက်ကို အခုထိတော့ အတည်မပြုနိုင်သေးဘူး။ ရှင်းလင်းရေးတွေ လုပ်ဆောင်နေတုန်းပဲ” ဟု အရာတော် သပိတ်ကော်မတီမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article