27 C
Yangon

အရာတော်မြို့နယ်၊ ကြွေပုဂံရွာမှ သံဃာ​တော်တစ်ပါးကို ​ထောင်ဒဏ် ၁၁ နှစ်နှင့် ပန်းသည်တစ်ဦးကို ​ထောင်ဒဏ် ၂၂ နှစ် စစ်ကောင်စီက ချမှတ်

Must read

အရာတော်မြို့နယ်၊ ကြွေပုဂံရွာမှ သံဃာ​တော်တစ်ပါးကို ​ထောင်ဒဏ် ၁၁ နှစ်နှင့် ပန်းသည်တစ်ဦးကို ​ထောင်ဒဏ် ၂၂ နှစ် စစ်ကောင်စီက ချမှတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

စစ်ကိုင်းတိုင်း၊ အရာမြို့နယ်၊ ကြွေပုဂံကျေးရွာမှ သံဃာ​တော် အရှင်အမရ သီရိနှင့် ပန်းရောင်းသည့် ဦးအောင်ရွှေတို့ ကို အကြမ်းဖက်စစ်ကောင်စီက နှစ်ထောင်ဒဏ်များချမှတ်ခဲ့ကြောင်း အရာတော်ပို့စ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဆရာတော် အရှင်အမရသီရိသည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့ ကြွေပုဂံကျေးရွာမှ အရာ တော်မြို့သို့ ကပ္ပိယတစ်ဦးနှင့်အတူ ဆိုင်ကယ်ပြင်ရန် လာရောက်စဉ် အကြမ်းဖက် စစ်တပ်၏ ဖမ်းဆီးခြင်းခံရပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ မုံရွာမြို့ အကြမ်းဖက်စစ်ကောင်စီ တရား ရုံး က ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဖမ်းဆီးခံရသည့် ကြွေပုဂံရွာခံရွာက ဦးဇင်းတစ်ပါးနဲ့ ရွာသားတစ်ဦးကို အရာတော်မြို့မှခဏချုပ် ထား ပြီးတော့ မုံရွာထောင်ကို ပို့လိုက်တာ၊ မုံရွာရောက်သွားတော့လလည်း မိသားစုတွေတွေ့ခွင့်မရဘူး။ အမိန့်မချခင် ရုံးထုတ်ရက် တစ်ရက်နဲ့ အမိန့်ချပြီးတော့ တစ်ရက်ပဲတွေ့ခွင့်ရခဲ့တာ၊ အခုတော့ မန္တလေးအိုးဘိုထောင်ပို့ လိုက်ပြီ”ဟု မိသားစုဝင်နှင့်နီးစပ်သူတစ်ဦးက ပြောကြားသည်။

အလားတူ အရာတော်မြို့နယ်၊ ကြွေပုဂံကျေးရွာသား ပန်းဆိုင်ဖွင့်ထားသူ ဦးအောင်ရွှေသည် လွန်ခဲ့သော ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့ နေအိမ်မှ အရာတော်မြို့မဈေးရှိ ၎င်း၏ ပန်းဆိုင်သွားသို့ သွားရောက်စဉ် စခတ ၁၀ တပ်ရှေ့အရောက်ဖမ်းဆီးခြင်းခံခဲ့ရပြီး မုံရွာမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ တရားရုံးက ထောင်ဒဏ် ၂၂ နှစ် ချမှတ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

စစ်တပ်က အရှင်အမရ သီရိနှင့် ဦး​အောင်​ရွှေတို့ကိုသက်သေခိုင်လုံမှုမရှိဘဲ ဖမ်းဆီးထိန်းသိမ်းထားပြီးနောက် အကြမ်းဖက်စစ်ကောင်စီတရားရုံးက ပုဒ်မ ၅၂ ၊ ၅၀၅ နှင့် ၅၀ ည တို့ဖြင့် အသက် ၃၅ နှစ်အရွယ် အရှင်အမရသီရိကို ထောင်ဒဏ် ၁၁ နှစ်နှင့် အသက် ၅၄ နှစ်အရွယ်ဦးအောင်ရွှေကို ထောင်ဒဏ် ၂၂ နှစ် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article