34 C
Yangon

အရာတော်မြို့နယ်၊ အမှတ် ၁၀ လေ့ကျင့်ရေးတပ်ကို PDF တပ်ဖွဲ့များက တိုက်ခိုက်မှု အရာရှိများ အပါအဝင် စစ်သား ၆ ဦး သေဆုံး

Must read

အရာတော်မြို့နယ်၊ အမှတ် ၁၀ လေ့ကျင့်ရေးတပ်ကို PDF တပ်ဖွဲ့များက တိုက်ခိုက်မှု အရာရှိများ အပါအဝင် စစ်သား ၆ ဦး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ အမှတ် ၁၀ လေ့ကျင့်ရေးတပ်ကို လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ ရာ အရာရှိများအပါအဝင် ၆ ဦးသေဆုံးပြီး ယင်းသေဆုံးစစ်သားအလောင်းများကို မီးသင်္ဂြိုလ်ရာ အနီးရှိ ကြာဇံစက်ရုံ ခြံစည်းရိုးအားမီးလောင်ကျွမ်းခဲ့ကြောင်း Danger Force LPDF ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီ အမှတ် ၁၀ လေ့ကျင့်ရေးတပ် (အရပ်ခေါ် အရှေ့ တပ်)ကို ၈၀ မမ လက်နက်ကြီးများဖြင့် ၅ ကြိမ်မြောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒဏ်ရာရ စစ်သားများ အတွင်းမှ ၆ ဦးသေဆုံးခဲ့ခြင်းဖြစ်ပြီး ယင်းသေဆုံးစစ်သားများကို ယမန်နေ့ ဖေဖော်ဝါရီလ ၁၄ ရက် နေ့က အရာတော်သုဿန်တွင် မီးသင်္ဂြိုလ်ခဲ့ရာ အနီးရှိ ကြာဇံစက်ရုံခြံစည်းရိုးကို မီးကူးစက်လောင် ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“၅ ကြိမ်မြောက်လက်နက်ကြီးနဲ့တိုက်ခိုက်မှုမှာ စစ်ခွေးတပ်က အရာရှိတွေအပါအဝင် ၆ ဦးသေဆုံးတယ် လို့ တပ်တွင်းဖရဲသီး ဆီကသိရပါတယ်၊ မနေ့က နံနက်ပိုင်းမှာ တိတ်တဆိတ်မီသင်္ဂြိုလ်တာ မီးအား ပြင်းပြီးတော့ အနီးအနားက ကြာဇံစက်ရုံခြံစည်းရိုးကို မီးကူးသွားလို့ မီးသတ်ကားတွေနဲ့ မီးငြှိမ်းသတ်ခဲ့ ရတယ်ဆိုတာ အရာတော်မြို့ခံတစ်ဦးဆီက သတင်းရတာ” ဟု Danger Force LPDF မှတာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Danger Force LPDF ၊ ကြယ်နီတပ်ဦး ၊ ပင်လယ်ပျော် သိမ်းငှက် (SFF) ၊ People’s Revolution Force(PRF) ၊ တမန်တော်ပျောက်ကြားတပ်ဖွဲ့ (APOSTLE) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article