30 C
Yangon

အရာတော်၊ မတ္တရာ၊ ရေနံချောင်းနှင့် မိုးမောက်တို့တွင် စစ်ကောစီ တပ်ဖွဲ့များကို PDF တပ်ဖွဲ့များ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

Must read

အရာတော်၊ မတ္တရာ၊ ရေနံချောင်းနှင့် မိုးမောက်တို့တွင် စစ်ကောစီ တပ်ဖွဲ့များကို PDF တပ်ဖွဲ့များ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၃၁

စစ်ကိုင်းတိုင်း အရာတော်၊ မန္တလေးတိုင်း မတ္တရာ၊ မကွေးတိုင်း ရေနံချောင်းနှင့် ကချင်ပြည်နယ် မိုးမောက်တို့တွင် စစ်ကောစီ တပ်ဖွဲ့များကို PDF တပ်ဖွဲ့များ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး ကြောင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

အရာတော်တွင် စစ်တပ် စခန်းနှင့် ဂိတ် တို့ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု ၅ ဦးသေဆုံး

==================================

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စခန်းနှင့် ဂိတ်တို့ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း MRTF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့ မွန်းလွဲ ၁၁ နာရီခန့်တွင် သလဲဘာကျေးရွာ မူးတံတားထိပ်ရှိ အကြမ်းဖက် စစ်တပ်မှ စစ်သားနှင့် ပျူစောထီးများ စစ်ဆေးရေး လုပ်ဆောင်နေသော ဂိတ်စခန်းနှင့် စပါးတွင်း ကျေးရွာရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော စခန်းတို့ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်း ၂ စီးဖြင့် ဗုံးသီး ၈ ကျဲချ တိုက်ခိုက်ခဲ့ကာ စစ်သားနှင့် ပျူစောထီး ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Middle Revolutionary Technical Front – MRTF တပ်ဖွဲ့၊ IBEX တပ်ဖွဲ့၊ မုံရွာခရိုင် အမှတ် -၂၁ တပ်ရင်း တပ်ခွဲ ၂ ၊ NDRF တပ်ဖွဲ့ နှင့် ဝက်လက်မြို့နယ် အမှတ် – ၁ တပ်ရင်း တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မတ္တရာမြို့နယ်၊ ရှင်လှတောင်ရွာရှိ စစ်တပ် စခန်းကို ဒရုန်းဖြင့် တိုက်ခိုက်

================================

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရှင်လှတောင်ရွာသို့ ဝင်ရောက်ပြီး တပ်စွဲထားသော အကြမ်းဖက်စစ် သားများကို ယနေ့ ဇန်နဝါရီလ ၃၁ ရက် မွန်းတည့် ၁၂ နာရီခန့်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း Unicorn-ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့က အင်အား ၃၀ ခန့်ဖြင့် မတ္တရာမြို့ပေါ်မှ ချီတက်လာပြီး ရှင်လှတောင် ရွာအတွင်း သေနတ်များ ရမ်းသမ်းပစ်ခတ်ဝင်ရောက်ခဲ့ရာ ပြည်သူအမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း၊ ယင်းအကြမ်းဖက်စစ်သားများသည် ကျေးရွာအတွင်း တပ်စွဲနေရာယူထားရာ ဒရုန်း ၅ စင်းဖြင့် ဗုံးသီး ၁၄ လုံးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“၃ လုံးက Error တက်သွားလို့ မကွဲဖူး၊ စစ်ခွေးတွေ အပြင်မထွက်ရဲဘူး၊ ကျနော်တို့လဲ တနေကုန် ပတ် ချောင်းနေတာ၊ ဒရုန်းနဲ့ ဗုံးကြဲတာ တစ်ကောင်ထိတယ်ကြားတယ်၊ ကြိတ်ကုနေတာလို့ ပြောတယ်၊ အတိ အကျတော့ မသိရသေးဘူး၊ မနေ့က ၁၀ နာရီလောက်က ရွာကို ဝင်ပြီး ရမ်းသမ်းပစ်တာ ကောင်မလေး နှစ်ယောက်ထိသွားလို့ ဆေးရုံတင်လိုက်ရတယ်” ဟု Unicorn-ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Unicorn-ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့၊ ဗိုလ်ကောင်းကင်၏ တော်လှန်ရေး အင်အားစု၊ ADRF (Mandalay) ၊ Sky Hero (Mandalay)၊ ဒေါင်းစစ်သည် (မတ္တရာ) ၊ Peacok Warrior Force ၊ နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရေနံချောင်း၊ လက်မှတ်ကုန်း ရဲစခန်းကို PDF တပ်ဖွဲ့က ဖောက်ခွဲ တိုက်ခိုက်

===============================

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ လက်မှတ်ကုန်း ရဲစခန်းကို PDF တပ်ဖွဲ့များက ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ရေနံချောင်း PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့ ည ၇ နာရီခန့်တွင်ရေနံချောင်းမြို့၊ လက်မှတ်ကုန်းနယ်မြေ ရဲစခန်းကို PDF တပ်ဖွဲ့များက ရဲစခန်းအရှေ့ကို မိုင်း‌ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး လက်နက် ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကာ အကြမ်းဖက် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

“ရဲစခန်းရှေ့ကို မိုင်း‌ဖောက်ခွဲပြီး လက်နက်ငယ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ PDF တပ်ဖွဲ့ဝင်တွေတော့ အထိအခိုက် မရှိ ဆုတ်ခွာနိုင်တယ်။ စစ်ခွေးတွေဘက်က ထိခိုက်မှု စာရင်းတော့ စုံစမ်းဆဲပါပဲ” ဟု ရေနံချောင်း PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို People’s Defence Force Yenangyaung (မကွေးခရိုင်အမှတ်-၂ တပ်ရင်း)နှင့် Hunter Dragon Group၊ ဖေကံကောင်းအဖွဲ့ ညီနောင် များက​ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မိုးမောက်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်

============================

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ စိန်လုံရွာဘက်သို့ စစ်ကြောင်းထိုးလှုပ်ရှားလာသော အကြမ်းဖက် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားအများအပြားထိခိုက်သေဆုံးမှုရှိကြောင်း KIA တပ်နှင့်နီးစပ်သူ သတင်းရင်းမြစ်ထံမှ သိရသည်။

ယနေ့ ဇန်နဝါရီလ ၃၁ ရက် နံနက် ၈ နာရီခန့်က ဗန်းမော်မြို့နှင့် မိုးမောက်မြို့တို့ရှိ အကြးမ်ဖက် စစ်သား များသည် စိန်လုံရွာဘက်သို့ စစ်ကြောင်းချီတက်စဉ် KIA တပ်မဟာ ၃ ၊ အမှတ် ၁၅ တပ်ရင်းတပ်ဖွဲ့ဝင် များမှ စောင့်ကြိုပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သားများ အထိနာပြီး မိုင်းဆွဲတိုက်ခိုက်ခံရသည့် နေရာပတ်ဝန်းကျင်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article