32 C
Yangon

အာဆီယံဘုံသဘောတူညီချက် အတိုင်း မြန်မာ့အရေး ဖြေရှင်းရန် ထောက် ခံသော်လည်း မြန်မာကို အာဆီယံမှ ထုတ်ပယ်ရေးနှင့် မြန်မာကြောင့် အာဆီယံ၏ တိုးတက် သာယာ၀ပြောမှု မထိခိုက်သင့်ဟု မလေးရှားဝန်ကြီးချုပ်က ပြောဆို

Must read

အာဆီယံဘုံသဘောတူညီချက် အတိုင်း မြန်မာ့အရေး ဖြေရှင်းရန် ထောက် ခံသော်လည်း မြန်မာကို အာဆီယံမှ ထုတ်ပယ်ရေးနှင့် မြန်မာကြောင့် အာဆီယံ၏ တိုးတက် သာယာ၀ပြောမှု မထိခိုက်သင့်ဟု မလေးရှားဝန်ကြီးချုပ်က ပြောဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အတိုင်း ငြိမ်းချမ်းစွာ ဖြေရှင်းရန် မလေးရှားအစိုးရက ထောက်ခံသော်လည်း အာဆီယံအတွက် အနှောင့် အယှက်ဖြစ်နေမှုအတွက် မြန်မာကို အာဆီယံမှ ထုတ်ပယ်ရေးအတွက်လည်း မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က ရှင်းရှင်းလင်းလင်း ထောက်ပြထားကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဖေဖော်ဝါရီလ ၁၀ ရက်နေ့ တွင်သတင်းထုတ်ပြန်ထားသည်။

မလေးရှားနိုင်ငံအနေဖြင့် အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှား၏ ဦးဆောင်မှုကို ထောက် ခံ ပြီး အာဆီယံအထူးသံတမန်ဖြင့် ဖြေရှင်းရေးကိုလည်း ထောက်ခံကြောင်း ၊ သို့ရာတွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မလေးရှား-ထိုင်း စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် မလေးရှားဝန်ကြီးချုပ်က အာဆီယံအတွက် အနှောင့် အယှက်ဖြစ်နေသည့် မြန်မာကို ထုတ်ပယ်ထားသင့်ကြောင်း ခိုင် မာသော ရှင်းလင်း ပြောဆိုမှု လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

မလေးရှားဝန်ကြီးချုပ်က မြန်မာစစ်တပ်အနေဖြင့် ပြည်သူများအပေါ် ကျူးလွန်နေသော ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်ရမည်ဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာ့အရေးကြောင့် အာဆီယံအသိုင်းအ၀ိုင်း ငြိမ်းချမ်းရေး လုံခြုံရေး သာယာ ၀ပြောရေးကို အနှောင့်အယှက်ဖြစ်နေမှုကို ခွင့်မပြုသင့်ဟု တိုက်တွန်းပြောဆိုထားသည်။

မလေးရှားဝန်ကြီးချုပ်သည် ထိုင်းနိုင်ငံခရီးစဉ်အတွင်း မြန်မာ့အရေးနှင့်ပတ် သက်ပြီး ကျယ်ကျယ်လောင်လောင် ပြင်းပြင်းထန်ထန် ဖိအားပေး ပြောဆိုမှုများကို ထုတ်ပြန်ပြောဆိုလာခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article