29 C
Yangon

အိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသူတွေကို အကျဉ်းဦးစီးဌာန အရာရှိနဲ့ ဝန် ထမ်း တွေက ဘယ်လို ရက်ရက် စက်စက် ညှဉ်းပန်း ရိုက်နှက် အကြမ်းဖက် နှိပ်စက်နေလဲ

Must read

အိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသူတွေကို အကျဉ်းဦးစီးဌာန အရာရှိနဲ့ ဝန် ထမ်း တွေက ဘယ်လို ရက်ရက် စက်စက် ညှဉ်းပန်း ရိုက်နှက် အကြမ်းဖက် နှိပ်စက်နေလဲ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

မန္တလေး အိုးဘိုထောင်အတွင်းမှာ နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော်ကို စစ်ကောင် စီ လက်အောက်ခံ အကျဉ်းဦးစီးဌာန အရာရှိတွေနဲ့ ဝန်ထမ်းတွေက ဇန်နဝါရီ လဆန်ပိုင်းမှာ ညှဉ်းပန်းနှိပ်စက် ရိုက်နှက်ခဲ့ပြီး တိုက်ပိတ်တာတွေ လုပ် ဆောင်ခဲ့ကြပါတယ်။ အခုအချိန်အထိလည်း နိုင်ငံရေးအကျဉ်းသူတွေကို အကျဉ်းဦးစီး ဌာနက ဆက်လက် နှိပ်ကွပ်နေတာပါတယ်။

နိုင်ငံရေး အကျဉ်းသူတွေနဲ့ အကျဉ်းဦးစီးဌာန ဝန်ထမ်းတွေ အချေတင်ဖြစ်

========================================

ဇန်နဝါရီလ ၃ ရက်နေ့ ရေချိုးတဲ့ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသူတွေနဲ့ အကျဉ်းဦးစီးဌာန ဝန်ထမ်းတွေ စကား စများကြပါတယ်။ အကျဉ်းဦးစီးဌာနက မပြောမဆိုဘဲ ရေချိုးချိန်ကို ပြောင်းလဲလိုက်ပါတယ်။

ရေနွေးဝေတဲ့အချိန်နဲ့ ရေချိုးအချိန်က သွားတူနေတော့ ကမောက်ကမတွေ ဖြစ်ပြီး ရေချိုးရမှာလိုလို ရေနွေးယူရမှာလိုလိုတွေ အဆင်မပြေတော့ နိုင်/ကျဉ်းတွေက အကျဉ်းဦးစီး ဝန်ထမ်း သက်သက်ခိုင်ကို သွားပြောကြတဲ့အခါ သူက ဆဲဆိုပြီး အောက်တန်းစားနိုင်ငံရေးသမားတွေလို့ ပြန်ပြောကြလို့ စကားများကြပါတယ်။

အဲဒီနောက် ထောင်ပိုင်လေးတို့ရောက်လာပြီး ဖြေရှင်းကြတယ် ။ အဲဒီနေ့ နံနက်က ၁၁နာရီ တန်းပိတ်ချိန်ရောက်တော့ နိုင်ငံရေးအကျဉ်းသူ မစုနိုင်ကို အကျဉ်းဦးစီးအရာရှိ ၃ ပွင့် သွယ်သွယ်ဦး ကနေ သူ့ရုံးခန်းထဲမှာ တစ်ယောက်ထဲခေါ်တွေ့ပြီး ပြဿနာရှင်းကြရာက နိုင်ငံရေးအကျဉ်းသူ မစုနိုင်ကို အကျဉ်းဦးစီးအရာရှိ သွယ်သွယ်ဦးက ပါးရိုက်ပါတယ်။

နိုင်ငံရေးအကျဉ်းသူ မစုနိုင်ကလည်း သွယ်သွယ်ဦးကို ပါးပြန်ရိုက်တော့ ဘေးမှာရှိတဲ့ ဝန်ထမ်းတွေက နိုင်ငံရေး အကျဉ်းသူ မစုနိုင်ကို ၀ိုင်းရိုက်ကြပြီး တိုက်ပိတ်လိုက်ပါတယ်။

မတရားလုပ်ခံရလို့ နိုင်ငံရေးအကျဉ်းသူတွေ အုံကြွလာ

=============================

နိုင်ငံရေးအကျဉ်းသူ မစုနိုင်ကို ပါးရိုက်၊ ၀ိုင်းရိုက်ပြီး တိုက်ပိတ်လိုက်တဲ့ ကိစ္စ နိုင်ကျဉ်းတွေက အဆောင်မှူး အကျဉ်းဦးစီးဝန်ထမ်း ၂ပွင့် ဝေဖြူနှင်းအောင် ကို ၀ိုင်းဝန်း ကန့်ကွက်ပြောဆိုကြပါတယ်။ အပြစ်ပေးရင် ဒီကိစ္စထဲပါတဲ့သူအကုန်လုံးကို ပေးပါ၊ ဘာယာတွေက အကျဉ်းဦးစီးဌာနက ခန့်ထားတဲ့ အကျဉ်းသူတွေပဲမို့ သူတို့ကိုရော အကုန်အပြစ်ပေးသင့်တယ်လို့ ပြောကြတယ်။

အဲဒီလို တင်ပြတာကို ဘာမှမလုပ်ပေးကြဘဲ ဇန်နဝါရီလ ၄ ရက်နေ့ မနက် ၉ နာရီ လောက်မှာ အချုပ်ဆောင်၊ အကျဆောင်၊ ဆေးရုံဆောင်တွေကိုရော အမျိုး သား အကျဉ်းစီးစီးဌာန ဝန်ထမ်းတွေရော၊ မိန်းမဝန်ထမ်းတွေရော အင်အားအလုံးအရင်းနဲ့ နိုင်ငံရေးအကျဉ်းသူတွေကို ဝင်ရိုက်ကြတယ် ။

ကျင်စက်၊ နံပတ်တုတ်၊ လေးခွတွေနဲ့ ပစ်ကြတယ် ။ အခန်းထဲကသူတွေက စောင်နဲ့ကာကြတဲ့အခါ ကာရကောင်းလားဆိုပြီး ဝင်ရိုက်တယ် ။ နိုင်ကျဉ်းတွေက ခရမ်းချဉ်သီး ကြက်သွန်တွေနဲ့ ပြန်ပစ်ကြတာမို့ အခုအဲဒီပစ္စည်းတွေကို ပါဆယ်ပို့မရတော့ဘူး ။ ကလေးချီပြီးပြေးကြရတဲ့သူတွေရယ်၊ နဖူးကွဲ၊ခေါင်းကွဲသူတွေ အများကြီးပဲ ။ ဒီကိစ္စကို ဖြေရှင်းပေးပါ၊ ထောင်ပိုင်ကိုတွေ့ခွင့်ပေးပါလို့ တောင်းတယ် ။

နိုင်ငံရေးအကျဉ်းသူများကို တိုက်ပိတ်အဆောင်ပြောင်းခြင်း

=================================

အဲဒီနောက် နိုင်ငံရေးအကျဉ်းသူ မဝင့်ဆုလှိုင်နဲ့ မေဇွန်ကို ယာယီအဆောင်ကို ပို့တယ်။ လူချည်းသက် သက်ပါပဲ ။ ဘာပစ္စည်းမှ ယူခွင့်မပေးပါဘူး။

ကျန်တဲ့ နိုင်ငံရေးအကျဉ်းသူတွေကလည်း အဲဒီလိုမျိုး ပြောင်းရွှေ့တာက ဘယ်ပို့လိုက်တာလဲမေးတော့ အကျဉ်းဦးစီး ဝန်ထမ်း ဝေဖြူနှင်းအောင်က ထောင်ပြောင်းတယ်လို့ ဖြေတယ် ။ ဘယ်ထောင်ပြောင်းလိုက်တာလဲဆိုတော့ ချက်ချင်းမဖြေဘဲ နောက်မှ ယာယီဆောင်ကိုပို့တယ်လို့ ပြန်ပြောပါတယ် ။

ဇန်နဝါရီလ ၆ ရက်နေ့မှာ မေးခွန်းမေးတဲ့ နိုင်ငံရေးအကျဉ်းသူ ၈ ဦးကို ယာယီအဆောင်ကို ထပ်ပို့တယ် ။ အဲဒီလိုနဲ့ နိုင်ငံရေးအကျဉ်းသူတွေကို တဖြည်းဖြည်း ယာယီ အဆောင်ကိုပို့နေတာ အားလုံးပေါင်း ပို့တာ ၄၂ယောက်ရှိလာပါတယ်။

ဇန်နဝါရီလ ၆ ရက်နေ့ ညနေပိုင်းမှာ အကျဉ်းဦးစီး ယာယီ ဦးစီးမှူးက လေးခွတွေနဲ့ဝင်လာပြီး အော်ရင် အကုန်ရိုက်ပစ်မယ်လို့ ခြိမ်းခြောက်တယ် ။ ဇန်နဝါရီ လ ၇ ရက်နေ့မှာ ချိုချိုသာသာနဲ့ ပြန်ရောက်လာပြီး ဘာတင်ပြစရာရှိလဲမေး၊ ဗီဒီယိုတွေ ရိုက်တယ် ။ အဆင်ပြေအောင်လုပ်ပေးမယ်ဆိုပြီးလည်း ပြောသွားတယ် ။

နိုင်ငံရေးအကျဉ်းသူများကို အစာရေစာ ဖြတ်တောက်ပြီး ရေချိုးခွင့်ပိတ်ပင်

========================================

ဇန်နဝါရီလ ၇ ရက်နေ့မှာပဲ နောက်ထပ် ထောင်ပိုင်အောင်မျိုးချွန်ကိုယ်တိုင် ဆိုင်ကယ်ဦးထုပ် ဆောင်းပြီး ဝင်လာတယ် ။ အင်အားအလုံးအရင်းနဲ့ လာပြီး အဲ့ဒီအယောက်၃၀ကို လူမရှိတဲ့အဆောင်တွေဆီ ခွဲပစ်တယ် ။ မီးတွေလည်း အမှောင်ချထားတယ် ။

အဆက်အသွယ်လည်းမရ၊ လော်စပီကာနဲ့ တရားခွေတွေ အကျယ်ကြီး ဖွင့်ထားတယ် ။ ပစ္စည်းလည်းမပေးဘူး ။ ထောင်ထမင်းဟင်းပဲ ကျွေးတယ်။ ဒါတောင် ထောင်က တရားဝင်ကျွေးတဲ့ ငါးနဲ့ကြက်သားလုံးဝမပေးဘူး ။ ရေချိုးဖို့ခွင့်မပြုဘဲ အဝတ်၃စုံနဲ့ စောင်ပဲပေးတယ် ။ ရေချိုးချင်ရင် အိမ်သာရေနဲ့ ချိုးကြရတယ် ။ ရိုက်နှက်နှိပ်စက်တာ အားမရလို့ အစာရေစာပါဖြတ်ထားကြသေးတယ် ။

အကျဉ်းဦးစီးဌာန၏ အကြမ်းဖက် တိုက်ခိုက် ခံရသည့် နိုင်ငံရေးအကျဉ်းသူများ

===========================================

အကျဉ်းဦးစီးဌာနရဲ့ အကြမ်းဖက် တိုက်ခိုက်မှု ခံရတဲ့ နိုင်ငံရေးအကျဉ်းသူတွေကတော့-

၁-မခိုင်သဇင်

၂-မရွှေရည်ဝင့်ကျော်

၃-မစောဥမ္မာချစ်

၄-မဝိုင်းမဒီ

၅-မမာလာ

၆-မပိုပြည့်သူ

၇-မဇင်မြတ်နိုးဦး

၈-မငုဝါရွှေရည်ဦး

၉-မဝင်းသိမ့်သိမ့်ဇင်

၁၀-မအိမြတ်နိုးဦး

၁၁-မရွှေရည်ဦး

၁၂-မချောစုစုဝေ

၁၃-မကေခိုင်မောင်မောင်

၁၄-မချစ်ဖူးငုံ

၁၅-မပိုးသဉ္ဇာကျော်

၁၆-မအေးငြိမ်းသူဇာ

၁၇-မချယ်ရီစု

၁၈-မစောနွယ်နီ

၁၉-မအေးမြတ်ပိုင်

၂၀-မအေးသန္တာစိုး

၂၁-မသက်ဖူးနိုင်

၂၂-မခင်အေးမော်

၂၃-မနှင်းပွင့်ဝေ

၂၄-မခင်စန္ဒာငြိမ်း

၂၅-ဒလက်

၂၆- ပြူးပြူး တို့ဖြစ်ကြပြီး ကျန်တဲ့သူတွေကတော့ နာမည် မသိရသေးပါဘူး။

လက်ရှိမှာ နိုင်ငံရေးအကျဉ်းသူတွေ အကုန်လုံးကို အားလုံးနဲ့အဆက်အသွယ်ဖြတ်ပြီး သတင်းအမှောင်ချထားတယ်။ ထောင်တွင်းအကြမ်းဖက်မှုတွေ ပိုပိုဆိုးလာနေပါတယ် ။

ဒါတွေကို ပြင်ပက ပြည်သူတွေအနေနဲ့ အာရုံစိုက် ကူညီပေးကြဖို့ အသံကျယ်ကျယ်ထွက်ပေးကြဖို့ နိုင်ငံရေးအကျဉ်းသူတွေက တောင်းဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသူတွေကို ထောင်ပြောင်းတော့မယ်ဆိုတဲ့ သတင်းတွေလည်း ကြားနေရပါတယ်။ ထောင်ထဲမှာ သီချင်းအကျယ်ကြီးဖွင့်ရင် တရားခွေတွေ အကျယ်ကြီး ဖြစ်ရင် တစ်နေရာရာမှာ အကြမ်းဖက်ရိုက်နှက်နေလို့ဆိုတာ ပြည်သူတွေ သိထားပေးကြပါလို့ နိုင်ငံရေး အကျဉ်းသူတွေက ဆိုပါတယ်။

စစ်တပ်လက်အောက်ခံ အကျဉ်းဦးစီးကို ချေမှုန်းရေး တောင်းဆို

===================================

နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေကို ထောင်တွင်းအကြမ်းဖက်မှုကို ဆန့် ကျင်ကြဖို့ အကျဉ်းဦးစီး(အကစ)ကို ချေမှုန်းကြဖို့ ပြည်သူများ၊ ဓမ္မဘက် တော်သားများ၊ PDFတွေအနေနဲ့ ထိထိရောက်ရောက် ကူညီပေးကြဖို့ နိုင်ငံရေး အကျဉ်း သူ တွေက တောင်းဆိုနေကြပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article