36 C
Yangon

အောင်လံတွင် စစ်ကြောင်းကို ခြုံခို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ ညောင်လေးပင်တွင် စစ်တပ် ထောက်ပို့ တံတားတစ်စင်းကို မိုင်းခွဲတိုက်ခိုက်

Must read

အောင်လံတွင် စစ်ကြောင်းကို ခြုံခို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ ညောင်လေးပင်တွင် စစ်တပ် ထောက်ပို့ တံတားတစ်စင်းကို မိုင်းခွဲတိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ကျွဲခေါင်းကျေးရွာအနောက်ဘက်တွင် အကြမ်းဖက်စစ်သား၊ ပျူစောထီး များကို ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ဗိုလ်တစ်ဦးအပါအဝင် ၃ ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း အောင်လံပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၈ ရက် နေ့လည် ၁၂ နာရီ ၄၅ မိနစ်ခန့်က ရွှေပန်းတောကျေးရွာတွင် တပ်စွဲ ထားသော အကြမ်းဖက်စစ်သား၊ ပျူစောထီး ၁၅ ဦးသည် ကားတစ်စီး ဆိုင်ကယ် ၃ စီးဖြင့် တလုတ်ရွာ အုပ်ချုပ်ရေးမှူး ၏ ယောက်ဖတော်စပ်သူ နားရေးဆွမ်းပွဲပွဲမှ ပြန်လာစဉ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင် များမှ ခြုံခိုတိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးပြီး ဗိုလ်တစ်ဦးအပါဝင် ၃ ဦး အပြင်း အထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“တလုတ်ပင်ရွာက အုပ်ကြီးယောက်ဖရဲ့ဆွမ်းသွပ်ကို လာတာဗျ၊ လက်နက်အပြည့်အစုံပါတယ်၊ အဲဒီက နေအပြန်စောင့်တိုက်တာ၊ ဒဏ်ရာရတဲ့သုံးဦးတော့ အနီးအနားက ကားနဲ့သယ်သွားတယ်လို့ ကြားတယ်၊ သေတဲ့ကောင်တွေကို တော့ ဘယ်လိုသယ်လဲ မသိဘူး၊ ကျနော်တို့က အမြန်ပစ်ပြီး ပြန်ဆုတ်လာခဲ့တာ” ဟု အောင်လံမြို့နယ်ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အောင်လံမြို့) နှင့် သရက်ခရိုင် PDF တပ်ရင်း ၁ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းဟောင်း ထိန်တပင်ကျေးရွာနှင့် ထော နွတ် ကျေးရွာကြားရှိ အကြမ်းဖက်စစ်ကောင်စီထောက်ပို့တံတား တစ်စင်းကို ဖောက်ခွဲဖျက်ဆီး ခဲ့ ကြောင်း Bago Region PDF မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ယနေ့ဖေဖော်ဝါရီလ ၉ ရက် မွန်းလွဲ ၂ နာရီ ၄၇ မိနစ်က အကြမ်းဖက်စစ်ကောင်စီတပ်မှ ထောက်ပို့ ဆက် သွယ်ရေးတံတားအဖြစ် အသုံးပြုနေသော ပေ ၆၀ အရှည်တံတားတစ်ခုကို မိုင်းခွဲဖျက်ဆီးခဲ့ရာ တံတား တစ်ခြမ်းပျက်စီခဲ့ကြောင်း သိရသည်။

အဆိုပါဖောက်ခွဲမှုကို ညောင်လေးပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ပူးပေါင်းကာ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article