34 C
Yangon

အောင်လံမြို့တွင် ဗိုလ်မှူးကောင်းဇော်ထက်နှင့် မြို့နယ်စစ်ကောင်စီအဖွဲ့ဝင် အောင်မိုးတို့ ပူးပေါင်း၍ လောင်းကစားဝိုင်းများကို လုံခြုံရေးပေး ဆက်ကြေး ကောက်

Must read

အောင်လံမြို့တွင် ဗိုလ်မှူးကောင်းဇော်ထက်နှင့် မြို့နယ်စစ်ကောင်စီအဖွဲ့ဝင် အောင်မိုးတို့ ပူးပေါင်း၍ လောင်းကစားဝိုင်းများကို လုံခြုံရေးပေး ဆက်ကြေး ကောက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

မကွေးတိုင်း၊ အောင်လံမြို့နယ်တွင် ဗိုလ်မှူးကောင်းဇော်ထက် နှင့် မြို့နယ် စစ်ကောင်စီ ဝင်၊ မြို့နယ်ကုန်သည်အသင်းဥက္ကဋ္ဌ အောင်မိုးတို့ ပူးပေါင်း၍ လောင်း ကစားဝိုင်းများကို ဆက်ကြေးကောက်နေကြောင်း ဒေသပြည်သူ များထံမှ သိရှိရသည်။

အောင်လံမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်၍ အာဝါးဒေး ဟုခေါ် သည့် လောင်းကစားဝိုင်းများကို ပွဲတော်ကြီးသဖွယ် ကျင်းပနေခြင်း ဖြစ်ပြီး မြို့နယ်စစ်ကောင်စီဝင် ဗိုလ်မှူးကောင်းဇော်ထက် နှင့် အောင်မိုးတို့က လုံခြုံ ရေး တာဝန် ယူပေးကြောင်း၊ အာဝါဒေးဝိုင်းလုပ်ရန် ကန်ထရိုက်ယူ သူများ က ဗိုလ်မှူးကောင်းဇော်ထက်ကို သိန်း ၃၀ ၊ မြို့နယ်ကောင်စီဝင် အောင်မိုးကို သိန်း ၂၀ စီ ပေးရကြောင်း၊ မြို့နယ်နှင့်ရပ်ကွက်ဆိုင်ရာများကိုလည်း အဆင့် အလိုက် လိုင်းကြေးများ ပေးဆောင် ရကြောင်း သိရှိရသည်။

“လောင်းကစားဝိုင်းကို မဖြစ်ဖြစ်အောင် လုပ်ခိုင်းနေတာပါ။ ဒီဇင်ဘာလက စပြီး အခုအထိပဲ။ ၂ လုံး ၃ လုံးဒိုင်တွေကိုလည်း ခြိမ်းခြောက်ပြီး လိုင်းကြေးတွေ တောင်းတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

စစ်ကောင်စီဝင် ဗိုလ်မှူးကောင်းဇော်ထက်နှင့် အောင်မိုးတို့သည့် အောင်လံမြို့ အတွင်းရှိ ဖဲဝိုင်း၊ ဘောလုံးဒိုင်၊ နှစ်လုံး သုံးလုံးဒိုင်များထံသို့လည်း ခြိမ်းခြောက်၍ လိုင်းကြေးများ ကောက်ခံခြင်းအပြင် လိုင်းကြေး မပေးသည့် နေရာများသို့ သွား ရောက် ကာ လူများကို မဖမ်းဘဲ ဝိုင်းအတွင်းရှိ ပိုက်ဆံများကို သိမ်းခြင်း များလည်း လုပ်ဆောင်နေကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေသော စစ်အာဏာရှင် ဆန့် ကျင်ရေး လှုပ်ရှားမှုများနှင့် တော်လှန်ရေး လှုပ်ရှားမှုများကို ငြိမ်သက်သွား စေရန် လောင်းကစား၀ိုင်းများခွင့်ပြုခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲ ခြင်း များကို မဖမ်းဆီးတော့ကြောင်း ဒေသပြည်သူများနှင့် ပြည်ထဲရေး သတင်း ရင်း မြစ်များ ထံမှ သိရှိရသည်။

ဓာတ်ပုံ- အောင်လံမြို့နယ်တွင် လောင်းကစား၀ိုင်းများကို ဆက်ကြေးကောက် နေသည့် ဗိုလ်မှူးနှင့် မြို့နယ်စစ်ကောင်စီဝင်တို့ကို လုံခြုံရေးအပြည့်ဖြင့် တွေ့ရ စဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article