နိုင်ငံ၏ အခြေအနေ သာမန် မဟုတ်ဟုဆိုကာ မင်းအောင်လှိုင် အာဏာ သက်တမ်း ၆ လ ထပ်ယူ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁
အကြမ်းဖက် မင်းအောင်လှိုင်က နိုင်ငံ၏ အခြေအနေသည် သာမန်အခြေအနေ မဟုတ်သဖြင့် ၎င်း၏အာဏာသက်တမ်းကို ၆ လထပ်မံ တိုးမြှင့်ကြောင်း စစ်ကောင် စီ ဘက်က ကြေညာသည်။
မြန်မာနိုင်ငံတွင် မြို့နယ် ၃၃၀ ခု ရှိသည့်အနက် ၁၉၈ မြို့နယ်တွင်သာ လုံခြုံရေး ထိန်းနိုင်ပြီး ၁၃၂ မြို့နယ်တွင် မထိန်းနိုင်တော့ကြောင်း မင်းအောင်လှိုင်က ဝန်ခံထားပြီး လုံခြုံရေး အလေးထား ဆောင်ရွက်ရမည့် မြို့နယ် ၆၇ မြို့နယ်နှင့် လုံခြုံရေးထိထိရောက်ရောက် ဆောင် ရွက်ပေးရန် လိုအပ်သည့် မြို့နယ် ၆၅ မြို့နယ်ရှိကြောင်း စစ်ကောင်စီ က ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ နိုင်ငံ၏ အခြေ အနေသည် သာမန်မဟုတ်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးက သက်တမ်း ၆ လ တိုးမှုသည် အခြေခံဥပဒေနှင့်ညီညွတ်သည်ဟု ဆုံးဖြတ်ကြောင်း စစ်ကောင်စီ ဘက်က သတင်းထုတ်ပြန်သည်။
