ရွှေဘိုမြို့နယ်၊ သရက်ပင်ဝန်းကျေးရွာကို စစ်တပ်က မီးတင်ရှို့မှု နေအိမ် ၅၃ လုံး ပြာကျ၊ ရွာသား ၁ ဦး ဖမ်းဆီးခံထားရ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သရက်ပင်ဝန်းကျေးရွာရှိ နေအိမ် ၅၃ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ရွာသား ဦးဖိုးဆယ်ကိုလည်း ဖမ်းဆီးသွားကြောင်း Shwe Bo Local PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်း ဌာနထံသို့ ပြောကြားသည်။
ဇန်နဝါရီလ ၃၁ ရက် နံနက် ၇ နာရီ ၄၅ မိနစ်တွင် အင်အား ၂၀၀ ခန့်ဖြင့် သရက် ပင် ဝန်းကျေးရွာကို ဝင် ရောက်လာကာ အကြမ်းဖက်စစ်သား၊ ပျူစောထီး များက ကျေးရွာအတွင်း ရွှေ၊ ငွေနှင့် တန်ဖိုးရှိပစ္စည်းများကို ခိုးယူကာ နေအိမ် ၅၃ လုံး စာသင်ကျောင်းအတွင်းရှိ ပစ္စည်းများ၊ ဆိုင်ကယ်များနှင့် လယ်ယာသုံး ပစ္စည်း များကို မီးရှို့ ဖျက်ဆီးကြောင်း၊ ထိုသို့မီးရှို့ဖျက်ဆီးခံရသဖြင့် ပြည်သူ့ ကာ ကွယ် ရေး တပ်ဖွဲ့များက ညပိုင်းတွင်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ် ဘက်မှ ဒဏ်ရာရရှိသူများ ရှိကြောင်း သိရသည်။
“ဈေးဆိုင်ထဲက ပစ္စည်းတွေလည်း မွှေနှောက်ပြီး ယူသွားတယ်၊ ရွှေငွေလက် ဝတ်ရတနာတွေလည်း စစ်တပ်က ခိုးသွား တယ်၊ ကျနော်တို့ ၁ ရက်နေ့ ပြန် ဝင်တော့ မီးမငြိမ်းသေးဘူး၊ တောင်သူလယ်သမားတွေရဲ့ နေအိမ် ၅၃ လုံး မီးလောင် ပြာကျခဲ့ပါတယ်၊ ဘုန်းကြီးကျောင်းထဲမှာ ထားတဲ့ဆိုင်နဲ့ စာသင် ကျောင်းထဲမှာ လည်း မီးရှို့ သွားတယ်၊ ပြီးတော့ ရွာသား ဦးဖိုးဆယ်ကိုလည်း ဖမ်းသွားတယ်၊ အစအနကို လိုက်မရသေးဘူး၊ မြင်းစီးပျူစောထီးရွာကို ပြန် ထွက် သွားကြပြီ” ဟု Shwe Bo Local PDF မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ထို့ပြင် စစ်တပ်က တပ်စွဲသွားခဲ့သော ဘုန်းကြီးကျောင်းအတွင်းမှ အကြမ်းဖက် စစ်သားများသောက် စားကာ စွန့်ပစ်ထားခဲ့သော အရက်ပုလင်းများ၊ ကွန်းဒုံး များ၊ ဘော်လီများ၊ ဒဏ်ရာရစစ်သားများကို ဆေး ကုသထားသည့် နေရာများကို တွေ့ရှိခဲ့ပြီး မည်မျှထိခိုက်ဒဏ်ရာရရှိသည်ကို မသိရသေးကြောင်း၊ အကြမ်းဖက် စစ်သားများသည် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြန်လည်ထွက်ခွာသွားသဖြင့် ရွာသူ ရွာ သား များမှာ ကျေးရွာအတွင်းပြန်လည်ဝင်ရောက် နိုင်ခဲ့သော်လည်း မီး ရှို့ ဖျက်ဆီးခံရမှုကြောင့် အကူ အညီ များစွာလိုအပ်လျက်ရှိကြောင်း သိရ သည်။