မြစ်ကြီးနားမြို့ရှိ အမှတ် ၃၀ ရဲတပ်ရင်းကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက် ခိုက်မှု ဖြစ်၊ မိုးညိုတွင် စစ်တပ်ဆန့်ကျင်ရေး ပိုစတာ လာဖြုတ်သည့် စစ် ကြောင်း မိုင်းဆွဲခံရ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ အမှတ် ၃၀ ရဲတပ်ရင်းကို လက်နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက် ၅ နာရီခွဲအချိန် မြစ်ကြီးနားမြို့ အကျဉ်းထောင် အနီးရှိ အမှတ် ၃၀ ရဲတပ်ရင်းထဲသို့ လက်နက်ကြီးဖြင့် ၃ လုံး ပစ်ခတ်တိုက်ခိုက် မှု ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ထိခိုက်သေဆုံးမှု အခြေအနေ မသိရသေးကြောင်း ဒေသပြည်သူတစ်ဦးက ဆိုသည်။
“ရဲတပ်ရင်း ၃၀ က စစ်တပ်လိုပဲ ဘန်ကာတွေအထပ်ထပ် ကတုတ်ကျင်းတွေ အထပ်ထပ်ရှိပြီး လုံခြုံရေးတင်းကျပ်တယ်။ ပေါက်ကွဲသံ ၃ ချက်ကြားရတယ်။ အဲဒီရဲတပ်ရင်း ၃၀ က တပ်ဖွဲ့တွေရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦး သေဆုံးခဲ့ဖူးတယ်” ဟု ဒေသပြည်သူက ပြောဆိုသည်။
အလားတူ ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၉ နာရီအချိန် ပဲခူးတိုင်း၊ သာယာ ဝတီ ခရိုင်၊ မိုးညိုမြိုနယ် ဆုံကုန်းကျေးရွာအုပ်စုအနီး ကားလမ်းဘေး၌ “၂၀၂၃ ရွေးကောက်ပွဲ လုံးဝလက်မခံ စစ်အာဏာရှင်အလိုမရှိ မင်းအောင်လှိုင်မအေ -ိုး” ဟူသောစာသား ချိတ်ဆွဲထားသည့်ဗီနိုင်းကို လာဖြုတ်သည့် စစ်ကောင်စီ တပ် ကို မိုင်းဆွဲတိုက်ခိုက်ကြောင်း မိုးညိုမြို့နယ် ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ ထံ မှ သိရှိရသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုတွင် မြေပြင်သတင်းရင်းမြစ်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးခြင်း ရှိ၊ မရှိကိုမူ အတည် ပြုနိုင်ခြင်း မရှိကြောင်း၊ တော်လှန်ရေးတပ်ဖွဲဝင်များမှာ အထိအခိုက်မရှိ အောင် မြင် စွာဆုတ်ခွာနိုင်ခဲ့ကြောင်း မိုးညို မြို့နယ် ပြည်သူ့ကာကွယ် ရေးတပ် ဖွဲ့ ၏ အဆိုအရ သိရှိရသည်။
ဓာတ်ပုံ- စစ်ကောင်စီတပ်၏ ရဲတပ်ရင်း သင်တန်းကျောင်းတစ်ခု မြင်ကွင်း။ (ပုံအဟောင်းဖြစ်သည်။)