25 C
Yangon

ထီးချိုင့်၊ မြတောင် လမ်းဆုံ စစ်ဆေးရေးဂိတ်ကို KIA ၊ PDF ပူးပေါင်းတပ်များ ဝင် တိုက်မှု စစ်သား ၂၀ နီးပါး သေဆုံးပြီး ၃ ဦးကို လက်နက်များနှင့်အတူ ဖမ်းမိ၊ စစ်ကူလာသော စစ်ကား ၂ စီးကို မိုင်းထပ်ဆွဲ

Must read

ထီးချိုင့်၊ မြတောင် လမ်းဆုံ စစ်ဆေးရေးဂိတ်ကို KIA ၊ PDF ပူးပေါင်းတပ်များ ဝင် တိုက်မှု စစ်သား ၂၀ နီးပါး သေဆုံးပြီး ၃ ဦးကို လက်နက်များနှင့်အတူ ဖမ်းမိ၊ စစ်ကူလာသော စစ်ကား ၂ စီးကို မိုင်းထပ်ဆွဲ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မြတောင်လမ်းဆုံ စစ်ဆေးရေးဂိတ်ကို ယနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက်ပိုင်း KIA နှင့် PDF ပူးပေါင်းတပ်များက ဝင်ရောက် တိုက် ခိုက်ရာ စစ်သား ၂၀ နီးပါး သေဆုံးကြောင်း ဒေသသတင်းရင်း မြစ်များ ထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၅ နာရီအချိန် ထီးချိုင့်မြို့နယ်၊ မြတောင်လမ်း ဆုံ စစ်ဆေးရေးဂိတ်ရှိ စစ်တပ်ကို KIA၊ ဒေသ ပကဖ၊ PDF ပူးပေါင်းတပ် များ က ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၂၀ ဦး နီးပါးသေဆုံးပြီး စစ်သား ၂ ဦး၊ အုပ် ချုပ် ရေးမှူး ၁ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း၊ လက်နက် အရှည် ၄ လက်နှင့် ကျည် များ၊ စာရွက်စာတမ်းများကို သိမ်းဆည်းရမိကြောင်း သိရှိရသည်။

“အရှင်ဖမ်းမိတဲ့ အုပ်ချုပ်ရေးမှူးက စစ်ဆေးရေးဂိတ်နားမှာရှိတဲ့ အောင်သုခ ထမင်း ဆိုင်ပိုင်ရှင်ပါ။ စစ်သား ၂ ဦးလည်း အရှင်မိတယ်။ လက်နက်တွေနဲ့။ စာရွက် စာတမ်းတွေလည်း မိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

ထို့နောက် ထီးချိုင့်မြို့နယ်၊ မြတောင်ဂိတ်တိုက်ခိုက်ခံရသဖြင့် စစ်ကူရန် တက် လာသည့် စစ်တပ်ကား ၂ စီးကို PDF တပ်များက မိုင်းဆွဲတိုက်ခိုက်ကာ တား ဆီး နိုင်ခဲ့ကြောင်း တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းနှင့် ပြန် ကြား ရေးတာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဖေဖော်ဝါရီလ ၂ ရက် မွန်းလွဲ ၁ နာရီခွဲခန့်အချိန် တကောင်းဒေသ ၇ မိုင် တပ်မှ စစ်သား အင်အား ၇၀ ခန့်ပါသော စစ်ကြောင်းက ထီးချိုင့်မြို့နယ်၊ မြတောင် ဂိတ်သို့ စစ်ကူပေးရန်တက်လာရာ တကောင်း PDF တပ်ဖွဲ့မှ တကောင်း ဒေသ၊ ကျွဲကူးကန်အနီးတွင် ရှေ့ထွက်မိုင်း ၂ လုံး၊ ပဒေသာမိုင်း တစ်တွဲဖြင့်ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး ခန့်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မိုင်း ၂ ခါဆွဲပြီး ဒရုန်းနဲ့တစ်ကြိမ်ချခဲ့တာ၊ ပထမအကြိမ် ဆွဲတော့ ထိချက် မပြင်းတဲ့အတွက် ဆက်ထွက် နိုင်သေးတယ်၊ ဒုတိယအကြိမ်မိုင်းထပ်ဆွဲ တဲ့အချိန်မှာ ကားက တစ်ပတ်လည်သွားပြီး ပျက်စီးသွားတယ်၊ ဒဏ်ရာရတဲ့ စစ်ခွေးတွေ ဒဏ်ရာရတာများတာရယ်၊ ကားပျက်သွားတာရယ်ကြောင့်၊ စစ်ကူ ဆက်မတက် နိုင်တော့ဘူး၊။ နီကယ်စက်ရုံထဲ ပြန်ဝင်သွားတယ် ” ဟု တကောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်း နှင့် ပြန်ကြားရေးတာဝန်ခံက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့ပြင် စစ်ကူ ကားနှစ်စီးကို လုံခြုံရေးယူပေးရန် တကောင်းနီကယ်စက်ရုံ အတွင်း မှ စစ်ကြောင်းက ခွေးဘီးလူးကားဖြင့် ထွက်ခွာလာပြီး သဖန်း ချောင်း တံတား ငှက်ပျောတောတွင် ကင်းပုန်း ဝပ်နေခဲ့ကြောင်း၊ သပိတ်ကျင်းမြို့နယ် ပကဖ ၊ TBK တောဆင်ရိုင်းအဖွဲ့နှင့် တကောင်းပကဖတို့ ပူးပေါင်းပြီး ဒရုန်းဖြင့် ဗုံး သီးတစ်လုံးကြဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article