22 C
Yangon

စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် ကလေးမြို့ပေါ် ဆည်မြောင်းရုံးကို God of Empire မြို့ပြပျောက်ကျားတပ်ဖွဲ့ မီးရှို့ရှင်းလင်း၊ ရုံးနှင့်ယာဉ်များ မီးလောင်ပြာကျ

Must read

စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် ကလေးမြို့ပေါ် ဆည်မြောင်းရုံးကို God of Empire မြို့ပြပျောက်ကျားတပ်ဖွဲ့ မီးရှို့ရှင်းလင်း၊ ရုံးနှင့်ယာဉ်များ မီးလောင်ပြာကျ

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဆည်မြောင်းရုံးကို God of Empire မြို့ပြပျောက်ကျားတပ်ဖွဲ့ မီးရှို့ရှင်းလင်းရာ ရုံးနှင့်ယာဉ်များ မီးလောင်ပြာကျသွားကြောင်း အဆိုပါ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ် အချိန်မှစတင်ပြီး ယင်းဆည်းမြောင်းရုံးကို ဝင်ရောက် ဖောက်ခွဲ စီးနင်းခဲ့ကြောင်း၊ ယင်းနောက် ဆည်းမြောင်းရုံးကို မီးရှို့ရှင်းလင်းလိုက်ကြောင်း သိရှိရသည်။

” မနေ့ ည ၇ နာရီ ၄၅ မိနစ်အချိန်ကစပြီး မီး ၃ ကြိမ်တိုင်တိုင်ရှို့ရတယ်။ မီးတင်ရှို့တဲ့ ဒီဇယ်ဓာတ်ဆီဖိုးတောင် အကြွေးမပေးရသေးပါဘူး။ အစောင့်အများကြီးမရှိဘူး အဲဒီရုံးမှာက။ အခုက စစ်တပ်က မြို့ထဲကလွဲရင်သိပ်မထွက်ရဲကြတော့ဘူး။ မြို့ထဲ ကင်းတွေ ဂိတ်တွေ ဖြန့်ထားတော့စစ်တပ် က တစ်နေရာတည်းမှာ အများကြီးမရှိတော့ဘူး။ဆည် မြောင်း ရုံးကို ဒီမနက် ၃ ခွဲမှာတစ်ကြိမ်၊ မနေ့ည ၇ နာရီ ၄၅ မိနစ်မှာ တစ်ကြိမ်ဝင်ရောက် ရှင်းလင်းတာပါ။ သေနတ်သံ ထုသံ ခွဲသံ ဆူညံနေတာပဲ။ မနက်ခွဲတဲ့ မိုင်းက အတော်လေးပြင်းတယ် ။ထိခိုက်တာသေဆုံးတာတော့မသိရသေးဘူး။ စစ်တပ်ကလည်း လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတော့ရှိပါတယ်” ဟု God of Empire မြို့ပြပျောက်ကျားတပ်ဖွဲ့က ပြောသည်။

လက်ရှိတွင် God of Empire မြို့ပြပျောက်ကျားတပ်ဖွဲ့က ကလေးမြို့တွင် မစ်ရှင်များ ဖော်ဆောင်နေပြီး မစ်ရှင်တစ်ခုလျှင် ငွေကျပ် ၃ သိန်း၊ ၄ သိန်း ဝန်းကျင် ကုန်ကျကြောင်း၊ ပြည်သူများအနေဖြင့် ထောက်ပံ့လှူဒါန်းစေလိုကြောင်း God of Empire မြို့ပြပျောက်ကျားတပ်ဖွဲ့က မေတ္တာရပ်ခံ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article