31 C
Yangon

ရွှေဘို၊ မအူပင်ရွာကို စစ်တပ်က ၃ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ရွာလုံးကျွတ် ပြာကျ၊ ပြည်သူ ၂ ဦးကိုပါ စစ်တပ်က မီးရှို့သတ်ဖြတ်

Must read

ရွှေဘို၊ မအူပင်ရွာကို စစ်တပ်က ၃ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ရွာလုံးကျွတ် ပြာကျ၊ ပြည်သူ ၂ ဦးကိုပါ စစ်တပ်က မီးရှို့သတ်ဖြတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မအူပင်ရွာကို အကြမ်းဖက် စစ်တပ် ၃ ရက်ဆက် မီးရှို့ခဲ့ပြီး ကျေးရွာ စာသင်ကျောင်းအပါအဝင် ရွာလုံးကျွတ်ပြာကျခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့မှစတင်၍ ဇန်နဝါရီလ ၃၀ ရက်နေ့အထိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ရွှေဘိုမြို့နယ်၊ မအူပင်ရွာ၌ ၂ ညအိပ်ပြီး ၃ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကာ ကျေးရွာ စာသင်ကျောင်းအပါအဝင် ရွာလုံးကျွတ် ပြာကျကာ ပြည်သူ ၂ ဦးကိုလည်း မီးရှို့သတ်ဖြတ်သွားကြောင်း သိရသည်။

” စစ်ခွေးတွေက ရွာလုံးကျွတ်ကို ရှို့သွားတာ စာသင်ကျောင်းလည်း မီးလောင်ပြာကျသွားတယ်။ ပြည်သူတွေပိုင်တဲ့ လယ်ထွန်းစက် ၁၀ လုံး၊ ရေခဲသေတ္တာတွေ စပါးတွေကို သူတို့ လိုသလောက်ယူပြီး ကျန်တာတွေ အကုန် မီးရှို့သွားတယ်။ ရွာကတော့ တစ်ရွာလုံးပြာကျသွားပါပြီ။ ပြည်သူ ၂ ဦး မီးရှို့ သတ်ဖြတ်ခံရတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

လက်ရှိအချိန်အထိ သတ်ဖြတ်ခံရသည့် ပြည်သူ ၂ ဦးမှာ မည်သူမည်ဝါ ဖြစ်ကြောင်း အတည်မပြုနိုင်သေးဘဲ ဆက်လက် စိစစ်နေဆဲဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article