29 C
Yangon

စစ်အာဏာရှင် တော်လှန်ရေး မှတ်တမ်း ရုပ်ရှင် “ရောင်နီလာရာလမ်း”ကို ဂျပန်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံများတွင် တစ်ပြိုင်နည်းတည်းပြသ၊ ရန်ပုံငွေ ကျပ်သိန်းထောင်ချီ ရရှိ

Must read

စစ်အာဏာရှင် တော်လှန်ရေး မှတ်တမ်း ရုပ်ရှင် “ရောင်နီလာရာလမ်း”ကို ဂျပန်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံများတွင် တစ်ပြိုင်နည်းတည်းပြသ၊ ရန်ပုံငွေ ကျပ်သိန်းထောင်ချီ ရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

စစ်အာဏာရှင် တော်လှန်ရေး မှတ်တမ်း ရုပ်ရှင် “ရောင်နီလာရာလမ်း”ကို ဂျပန်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံများတွင် တစ်ပြိုင်နည်းတည်းပြသရာ ရန်ပုံငွေ ကျပ်သိန်းထောင်ချီ ရရှိကြောင်း သိရှိရသည်။

ဒါရိုက်တာကိုပေါက်၏ “ရောင်နီလာရာလမ်း” မှတ်တမ်း ရုပ်ရှင်ကို ဂျပန်နိုင်ငံ ၊ တိုကျိုမြို့တွင် Red Carpet showအဖြစ် စတင်ပြသခဲ့ရာ ပရိတ်သတ် ၁၀၀၀ ကျော်ကြည့်ရှုပြီး ဂျပန်နိုင်ငံသားများပါ လာရောက်ကြည့်ရှုခဲ့ကြောင်း၊ ရန်ပုံငွေ သိန်း ၉၀၀ကျော်ရရှိခဲ့ကြောင်း၊ ဂျပန်နိုင်ငံ နာဂိုယာမြို့နှင့် ဆွီဒင်၊ ဂျာမနီ၊ နယ်သာလန်နိုင်ငံများတွင်လည်း တပြိုင်နက်တည်းပြသခဲ့ပြီး တစ်နေ့တည်းစုစုပေါင်း ရန်ပုံငွေ သိန်း တထောင်နီးပါးရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါရုပ်ရှင်ကို တစ်ကမ္ဘာလုံးတွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ရန်ပုံငွေ ဆက်လက်ပြသသွားမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article