35 C
Yangon

ဆားလင်းကြီးရှိ ကျေးရွာများကို စစ်တပ်က စစ် ကြောင်း ထိုး​နေသဖြင့် ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

Must read

ဆားလင်းကြီးရှိ ကျေးရွာများကို စစ်တပ်က စစ် ကြောင်း ထိုး​နေသဖြင့် ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်း ပုလဲမြို့မှ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းသည် ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ စစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံပြည်သူ ၃၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေကြရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီဝင်များသည် ဖေဖော်ဝါရီ ၃ရက်နေ့ညမှ စ၍ ​ဆားလင်းကြီးမြို့နေရာစုံတွင် တပ်ဆွဲထားပြီး ဖေဖော်ဝါရီ ၄ရက်နေ့တွင် နံနက် ၈နာရီဝန်းကျင်မှစ၍ ကျေးရွာများအတွင်း စစ်ကြောင်းထိုးကာ ပိုင်တောင်းကြီးရွာ၊ဆားထုံးရွာ၊ထန်းပုရွာ၊ရွှေကုန်းရွာ၊ ကျေးပင်ထူးရွာရှိ ပြည်သူ့နေအိမ်များသို့ ဝင်ရောက်ကာပစ္စည်းများကို ဝင်ရောက်မွှေနှောက်ဖျက်ဆီးနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

“မနေ့ကမနက် ကတည်းက ဆားလင်းကြီးမြောက်ခြမ်း ပြေးနေရတာ။ ရွာ ၁၀ ရွာကျော်မှာ။ ဒေသခံ ၃၀၀၀ ကျော် ပြေးနေရပါတယ်”ဟု ဆားလင်းကြီး ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီဝင်များသည် ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက်ပိုင်းတွင်လည်း ရေခါးရွာနှင့် ညောင်ပင်တိုရွာများကိုလည်း ဝင်ေရာက်၍ ထပ်မံ စစ်ကြောင်းထိုးနေကြောင်း ဒေသခံများက ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article