25 C
Yangon

ဝက်လက်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံး၊ သံဖြူဇရပ် လဝက ရုံးကိုဖောက်ခွဲ တိုက်ခိုက်

Must read

ဝက်လက်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံး၊ သံဖြူဇရပ် လဝက ရုံးကိုဖောက်ခွဲ တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း GZ Special Task Force – Wet Let အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဝက်လက်မြို့နယ် အနောက်ခြမ်း မန်ကျီးတုံရွာမှ တကောင်းမင်းရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို GZ Special Task Force – Wet Let အဖွဲ့မှ လက်နက်ကြီးများဖြင့် ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားကာ စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

” ၁၁ နာရီကျော်လောက် တိုက်ပွဲစဖြစ်တာ စစ်ခွေးတွေ ဘက်က ၅ ဦးသေတယ်။ စစ်ခွေးတွေဘက်က ပြန်ပစ်တာရှိတယ်။ ရဲဘော်တွေ ဘေးကင်းစွာနဲ့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု GZ Special Task Force – Wet Let မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန်သို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို GZ Special Task Force မှ တပ်ခွဲဖြစ်သော တပ်ခွဲ ၄ ၊ မိုင်းဘီလူးတပ်ခွဲနှင့် ရေကြက်တပ်ဖွဲ့၊ ဒေါင်းဘုရင်တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ လဝကရုံးကို မြို့ပြပြောက်ကျားတပ်ဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သံဖြူဇရပ်ပြောက်ကျားတပ်ဖွဲ့ (TGF)ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်တွင် သံဖြူဇရပ်မြို့ လဝကရုံးကို သံဖြူဇရပ်ပြောက်ကျားတပ်ဖွဲ့(TGF) က ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ရုံးထိခိုက် ပျက်ဆီးမှုရှိပြီး စစ်ကောင်စီတပ်သား တချို့နှင့် ရုံးအစောင့်များလည်း ထိခိုက်မှုရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article