“ပုကျွန်မခံဘူး” စာသားဖြင့် တောင်ကိုရီးယားတွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြ
ရန်ကုန်၊ ဖေဖော်ဝါရီ ၅
တောင်ကိုရီးယား ဆူဝမ်မြို့တွင် Suwon Migrants Center နှင့် Myanmar Community တို့မှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဆန္ဒပြပွဲ ပြုလုပ်နေပြီး ယနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် “ပုကျွန်မခံဘူး” စာသားနှင့်အတူ စစ်တပ်အာဏာသိမ်းမှု ၂ နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ဆန္ဒပြခြင်းနှင့် စစ်တပ်၏ ရက်စက်စွာ အကြမ်းဖက် သတ်ဖြတ်မှုများကို ကိုရီးယားပြည်သူများထံ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများကို ပြုလုပ်ခဲ့ကြသည်။



