27 C
Yangon

ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေရှိ ရုရှား-မြန်မာ နူကလီးယား အချက် အလက် နည်းပညာ စင်တာ ဖွင့်ပွဲသို့ မင်းအောင်လှိုင်နှင့်အတူ တက်ရန် ရုရှား အစိုးရ အဏုမြူ စွမ်းအင် ကော်ပိုရေးရှင်း ROSATOM အကြီးအကဲ Aleksei Likhachev က ပုဂ္ဂလိဂျက်လေယာဉ်ဖြင့် ရန်ကုန် လာရောက်

Must read

ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေရှိ ရုရှား-မြန်မာ နူကလီးယား အချက် အလက် နည်းပညာ စင်တာ ဖွင့်ပွဲသို့ မင်းအောင်လှိုင်နှင့်အတူ တက်ရန် ရုရှား အစိုးရ အဏုမြူ စွမ်းအင် ကော်ပိုရေးရှင်း ROSATOM အကြီးအကဲ Aleksei Likhachev က ပုဂ္ဂလိဂျက်လေယာဉ်ဖြင့် ရန်ကုန် လာရောက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေဝင်း(RC2) အတွင်းတွင် ရုရှား-မြန်မာ နူကလီးယား အချက်အလက် နည်းပညာစင်တာကို အကြမ်းဖက် မင်းအောင်လှိုင်ကိုယ်တိုင် မနက်ဖြန် ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းတွင် တက်ရောက် ဖွင့်လှစ်မည်ဖြစ်ပြီး ရုရှား အစိုးရ အဏုမြူ စွမ်းအင် ကော်ပိုရေးရှင်း ROSATOM ၏ ညွှန်ကြားရေးမှူးချုပ် Mr Aleksei Likhachev လည်း Private ဂျက်လေယာဉ်ဖြင့် ရန်ကုန်တွင် လာရောက်ကြောင်း သိရှိရသည်။

Mr Aleksei Likhachev လိုက်ပါသော ရုရှား RA-73545 ၊ Bombardier BD-700-1A11 Global 5000 အမျိုးအစား ပုဂ္ဂလိက ဂျက်လေယာဉ် မော်စကိုမှ တစ်ဆင့် ရန်ကုန်မြို့သို့ ယနေ့ ညနေပိုင်းတွင် ရောက်ရှိလာကြောင်း ၊ ဖေဖော် ဝါရီ ၆ ရက်နေ့ နံနက်ပိုင်း ရုရှား-မြန်မာ နူကလီးယား အချက်အလက် နည်းပညာစင်တာ ဖွင့်ပွဲကို တက်ရောက်မည်ဖြစ်ကြောင်း၊ Mr Aleksei Likhachev နှင့်အတူ ရုရှားROSATOM ကုမ္ပဏီမှ အရာရှိ ၂ ဦးပါ လိုက်ပါလာကြောင်း သိရှိရသည်။

အကြမ်းဖက် မင်းအောင်လှိုင်သည် ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေတွင် ရုရှား-မြန်မာ နူကလီးယား အချက်အလက် နည်းပညာစင်တာကို ဖွင့်လှစ်ပြီးနောက် ဧရာ၀တီတိုင်းဘက်သို့ ထွက်ခွာမည်ဖြစ်‌ပြီး ယုဇန ဦးဌေးမြင့် အကောင် အထည်ဖော်နေသော မြို့သစ် စီမံကိန်းသို့သွားရောက် မည်ဖြစ်ကြောင်း သိရှိရသည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ရန်ကုန်တွင် Nuclear Technology Information Center တည်ထောင်ရန် ရုရှား နိုင်ငံပိုင် အဏုမြူ စွမ်းအင် ကော်ပိုရေးရှင်း ROSATOM နှင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဌာနတို ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြပြီးနောက် ၃ လနီးပါးကြာချိန်တွင် ယင်းသို့ ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေဝင်းအတွင်းတွင် နူကလီးယား အချက်အလက် နည်းပညာစင်တာဖွင့်လှစ် ခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေ (RC2) အတွင်း စနိုက်ပါတပ်များ၊ ကင်းပုန်းများ၊ လုံခြုံရေးများ အထူးတင်းကျပ်စွာ ချထားကြောင်း သိရှိရသည်။

၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာလ ၂၂ ရက်နေ့ မြန်မာနိုင်ငံအတွက် နူကလီးယား စွမ်း အင် အားသုံး လျှပ်စစ် ဓာတ် အားပေး စက်ရုံ တည် ဆောက်ရန် ရုရှားနှင့် မြန်မာ နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article