32 C
Yangon

ရန်ကုန်-မော်လမြိုင်လမ်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု ၅ ဦးသေ ဆုံး၊ စဉ့်ကိုင်မြို့တော်ခန်းမရှေ့တွင် လုံခြုံရေး အစောင့် စစ်သားများကို တိုက် ခိုက်မှု ၄ ဦးသေဆုံး

Must read

ရန်ကုန်-မော်လမြိုင်လမ်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု ၅ ဦးသေ ဆုံး၊ စဉ့်ကိုင်မြို့တော်ခန်းမရှေ့တွင် လုံခြုံရေး အစောင့် စစ်သားများကို တိုက် ခိုက်မှု ၄ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

မွန်ပြည်နယ်၊ သထုံမြို့နယ်နှင့် ဘီလင်းမြို့နယ်ကြား၊ ရန်ကုန်-မော်လမြိုင်လမ်း မ ကြီးပေါ်တွင် အကြမ်း ဖက် စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း Hawk Revolution Squad –HRS အဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၄ ရက် နေ့ ညပိုင်းက အကြမ်းဖက်စစ်ကား ၈ စီးကို ဘိုခမ်းကွင်းရွာနှင့် ဇရပ် ကျွန်း ကျေးရွာကြားတွင် မိုင်းဆွဲပြီးနောက် လက်နက်ငယ်များ၊ 40 mm ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးပြီး ၅ ဦးအပြင်းအထန်ဒဏ်ရာရရှိကာ စစ်ကား တစ်စီး ပျက်စီး ခဲ့ကြောင်း သိရသည်။

“ကား ၈ စီးထဲက နောက်ဆုံးကား ၃ စီးကို မိုင်းဆွဲပြီး ကားရပ်သွားတဲ့အချိန် ဝိုင်းပစ်ခဲ့ကြတာ၊ ၆ ဘီးဖော ကားတစ်စီး ပျက်စီးတယ်၊ ကျနော်တို့ပြည်သူ့ကာ ကွယ်ရေး ရဲဘော်တွေ အထိအခိုက်မရှိပါဘူး၊ သေဆုံး သွားစစ်ခွေးအလောင်းနဲ့ ပျက်စီးသွားတဲ့ ကားကိုတော့ ညတွင်းချင်းလာသယ်သွားတယ်” ဟု Hawk Revolution Squad –HRS အဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါတိုက်ခိုက်မှုကို HRS နှင့် KNLA တပ်ရင်း၂၊ တပ်ခွဲ၃ ပူးပေါင်းတပ်ဖွဲ့တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ လက်နက်ငယ်များ စက် လက်များဖြင့် အချိန်အတော်ကြာပြန်လည် ရမ်း သမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ ကာကွယ်ရေး ရဲဘော်များအထိအခိုက်မရှိခဲ့ကြောင်း၊ HRS အနေဖြင့် မြေပြင်အခြေအနေအပေါ်မူတည်၍ ဝေဟင်တိုက်ခိုက်ရေးများသာမက မြေပြင်တိုက်ခိုက်မှုများကိုပါ KNLA တပ်ရင်း ၊တပ်ဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

အလားတူ မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ စဉ့်ကိုင်မြို့တော်ခန်းမရှေ့တွင် အရပ်ဝတ်ဖြင့် စုဝေးနေသာ စစ်သား၊ ရဲ၊ ပျူစောထီးနှင့် အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များကို မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ဦး သေ ဆုံးသွားကြောင်း Myitnge PDF မြို့ပြပြောက်ကျားအထူးတပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၅ ရက် နံနက် ၉ နာရီခွဲခန့်က အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးနှင့် စစ်ကောင်စီ ခန့်အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များသည် အရပ်ဝတ်ဖြင့် စုနေစဉ် ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျား တပ်ဖွဲ့ဝင်များမှ လက်ပစ်မိုင်း ၂ လုံးအပြင် သေနတ်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ဦးသေဆုံးပြီး အချို့ ဒဏ်ရာရရှိကာ ဆေးရုံသို့တင်ပို့ကုသထားရကြောင်း သိရသည်။

အလားတူ ယနေ့ ဖေဖော်ဝါရီလ ၅ ရက် နံနက် ၇ နာရီခွဲခန့်ကလည်း စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့၊ ခရိုနီ ဝင်းသိန်းပိုင်ဆိုင်သော အောင်သဒ္ဓိ Motel (တည်း ခိုခန်း) နှင့် KTV စားသောက်ဆိုင်အား မိုင်း ၃ လုံးဖြင့် ဖောက်ခွဲကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို MN-PDF မြို့ပြပြောက်ကျား အထူးတပ်ဖွဲ့၊ ကျောက်ဆည်ပကဖနှင့် LPDF (Sintgaing) တို့ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်နှင့်ပူးပေါင်းနေသော အုပ် ချုပ် ရေးမှူးများ ၊ ရာအိမ်မှူးများနှင့် စခ ရခ လက်အောက်ခံ ပျူစောထီးအဖွဲ့များကို ဆက်လက် တိုက် ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article