Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ဖေဖော်ဝါရီ ၆ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာထားပေမယ့် စစ်တပ်ဝါဒဖြန့်စာအုပ်တွေကို PRDF က ဖမ်းဆီးကာ မီးရှို့ရှင်းလင်းနေတယ်လို့ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) ဆီက သိရပါတယ်။
– စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာရှိတဲ့ လက်နက်တိုက်နဲ့ လေယာဥ်ထားတဲ့ နေရာ တွေကို Shadow Ranger မဟာမိတ်တပ်တွေက ဖေဖော်ဝါရီ ၅ ရက် မနက်ပိုင်းက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Shadow Ranger တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
– ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ ခရိုင် တပ်မဟာ (၃)မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေ ဟာ ပြည်သူလူထုနေထိုင်ရာ ကျေးရွာတွေကို ရည် ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် ပြည်သူ ၅ ဦး ဒဏ်ရာရရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။