33 C
Yangon

ယုဇန ပလာဇာရှိ ဖုန်းပြင်ဆိုင်များတွင် အပူပေး လျှပ်စစ်ပစ္စည်းများ အသုံးမပြုရန်နှင့် စျေးဆိုင် ငှားရမ်းခများကို ၄ သောင်းကျပ်မှ ၁၁ သိန်းကျပ်ထိ တိုးမြှင့် ကောက်ခံမှု စျေးသူစျေးသားများ အဆင်မပြေ

Must read

ယုဇန ပလာဇာရှိ ဖုန်းပြင်ဆိုင်များတွင် အပူပေး လျှပ်စစ်ပစ္စည်းများ အသုံးမပြုရန်နှင့် စျေးဆိုင် ငှားရမ်းခများကို ၄ သောင်းကျပ်မှ ၁၁ သိန်းကျပ်ထိ တိုးမြှင့် ကောက်ခံမှု စျေးသူစျေးသားများ အဆင်မပြေ

ရန်ကုန်၊ ဖေဖော်ဝါရီလ ၆

ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ယုဇနပလာရှိ ဖုန်းပြင်ဆိုင်များတွင် အပူ ပေး လျှပ်စစ် ပစ္စည်းများ အသုံးမပြုရန်နှင့် စျေးဆိုင် ငှားရမ်းခများကိုလည်း တိုးမြှင့် ကောက်ခံ​နေကြောင်း ဆိုင်ခန်း ဖွင့်လှစ်ထားသူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့မှ စတင်ကာ ယုဇနပလာဇာရှိ ဖုန်းပြင်ဆိုင်များတွင် အသုံးပြုနေသည့် ခဲဂေါက် (Soldering Gun) ၊ အပူပေးကိရိယာ(Geat Gun) ၊ မှန်ပေါင်းစက် (မှန်ခွာစက်)၊ မှန်ပေါင်းစက်(မှန်ကပ်စက်)၊ အပူထွက်နိုင်သော လျှပ်စစ်ပစ္စည်များကို အသုံးပြုခွင့်မ ပေးကြောင်းနှင့် ယုဇန ပလာဇာအတွင်း ငှားရမ်းထားသော ဆိုင်ခန်း အသေး ၁ ခန်းလျှင် ယခင် ၁၀၀၀၀ ကျပ်မှ ယခု ၁၄၅၀၀၀ ကျပ်၊ ဆိုင်ခန်းအကြီး ၁ ခန်းလျှင် ယခင် ၃၈ သိန်းကျပ်မှ ယခု ၄၉ သိန်း ၄ သောင်းကျပ်ထိ တိုးမြှင့် ပေးဆောင်ရမည်ဟု ယုဇန ပလာဇာ အုပ်ချုပ်မှုကော်မတီက ထုတ်ပြန်ထားကြောင်း သိရသည်။

” ဖုန်းပြင်ဆိုင်တွေက အဲဒီ ပစ္စည်းတွေ မသုံးရင် ဖုန်း Hardware ပြင်လို့မရတော့ ဘူး။ မှန် IC လဲ၊ ဖုန်းပြင်ရင် ဒီပစ္စည်းတွေမပါရင် ဘယ်လိုမှ လုပ်မရတော့ဘူး။ တချို့ Hardware သမားတွေဆိုရင် ငိုကြတယ်။ နယ်ကနေ ပညာလာသင် တဲ့သူတွေလဲ မနည်းဘူး။ တမင်သက်သက်သွယ်ဝိုက်တဲ့နည်းနဲ့မောင်းထုတ်တာပါ။ နောက်ပြီး ဆိုင်ခန်း ငှားခတွေကိုလည်း စျေးတွေ တင်လိုက်တယ်။ အရင်တုန်းက အသေးဆုံးဆိုင်ဆိုရင် ၁ သိန်းပဲပေးရတာ အခုဆို ၁ သိန်း ၄ သောင်းဖြစ်သွားပြီး အကြီးဆုံး ဆိုင်ခန်းဆို အရင်က ၃၈ သိန်းပေးရတယ်။ အခုက ၄၉ သိန်း ၄ သောင်းကျပ်ထိ တိုးမြှင့်လိုက်တယ်။ အဲတာက အခု ဖေဖော်ဝါရီလက စပြီးပေးဆောင်ရမှာ တချို့ဆို စပေးနေရပြီး ပလာ ကော်မတီအဖွဲ့ကလည်း လုပ်နေတာပါ။ ဆိုင်ရှင်တွေကတော့ တော်တော်လေး အခက်ကြုံနေပြီ” ဟု ဆိုင်ခန်း ဖွင့်လှစ်ထားသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ ယုဇန ပလာဇာအုပ်ချုပ်ရေးထံသို့ အသ နား ခံ စာ တင်ထားသော်လည်း မိုက်ရိုင်းစွာ ပြန်လည်ပြောဆိုကြောင်း၊ ဆိုင်ခန်းပိုင်ရှင်များမှလည်း ဆိုင်ခန်းသိမ်းဆည်းခံရမည်ကို စိုးရိမ်နေကြောင်း၊ ဆိုင်ခန်း ဖွင့်လှစ်ထားသူများက​ ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article