29 C
Yangon

ကနီ၊ ရေစကြို နှင့် မြင်းခြံတို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံး

Must read

ကနီ၊ ရေစကြို နှင့် မြင်းခြံတို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ဖေဖော်ဝါရီ ၆

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်အတွင်း အကြမ်းဖက် စစ်တပ်နှင့် ကာကွယ်ရေး တပ်များ ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်း မီဒီယာသို့ ပြောဆိုသည်။

နံနက်ပိုင်း အလုံဆိပ်ကမ်းကနေ ကျနော်တို့ သပြေတောရွာဘက်ကို စစ်သင်္ဘော ၃ စီးနဲ့ တက်လာတယ်။ အဲလိုတက်လာတာနဲ့ ပြည်သူကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ကြတယ်။ သူတို့ဘက်က အကျဆုံးများလို့ ထင်တယ်။ မွန်းလွဲ ၂ နာရီလောက်ရောက်တော့ နမခ တပ်ကနေ လေယာဉ်နဲ့ လာပစ်တယ်။ အဓိက ပစ်တာက သပြေတောရွာ အနီးကို ပစ်တာ ရွာသားတွေကတော့ တစ်လလောက်ရှိပြီ ရွာထဲကနေ ထွက်ပြေးနေရတယ်” ဟု ဒေသခံ ပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် မန္တလေး၊ မြင်းခြံမြို့နယ်တွင် စစ်သားများ လိုက်ပါလာသည့် ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး​ခဲ့ကြောင်း မြင်းခြံလူထု လှုပ်ရှားမှု ကော်မတီထံမှ သိရသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် နွားထိုးကြီးမြို့နယ်၊ နနွင်းတော်ဘိုးရွာ၊ ကူကုန်းရွာဘက်ကို ဝင်ရောက်မွှေနှောက်ပြီး light truck ကားဖြင့် ပြန်လာသည့် စစ်သားများကို မြင်းခြံမြို့နယ်၊ သင်ပြွန်းလမ်းခွဲ အနီးတွင် ကာကွယ်ရေး တပ်ဖွဲ့ တစ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့​ကာ စစ်သားများ ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ပျိုးကန်ရွာမှ ဒေသခံပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီ တပ်သားများကို ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်မှု ၂ ဦး ထိခိုက်သေဆုံးမှုရှိကြောင်း Thway Thauk Revolution Forces အဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရေစကြိုမြို့နယ် အမှတ် ၈ ရပ်ကွက်ရှိ ကပ်ကျော်ဘုန်းကြီးကျောင်းတွင် အထိုင် တပ်စွဲထားသော စစ်သားနှင့် ပျူစောထီးများကို Thway Thauk Revolution Forces အဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်သား ၂ ဦး ထိခိုက်သေဆုံးမှုရှိကြောင်း Thway Thauk Revolution Forces အဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article