Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ဖေဖော်ဝါရီ ၇ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဂျိမ်းစ်ကလဲဗာလီတို့ဟာ လန်ဒန်မြို့တော်မှာ တွေ့ဆုံပြီး မြန်မာ့အရေးကို ဆွေးနွေးခဲ့ကြတယ်လို့ NUG ကနေ တရားဝင်သတင်းထုတ်ပြန် ထားပါတယ်။
– အကြမ်းဖက်စစ်ကောင်စီက ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင် ဆိုသူကို အထက်က ပေးအပ်တဲ့ တာဝန် မကျေပွန်လို့ဆိုပြီး ရာထူးကနေ ဖယ်ရှားလိုက်တယ်လို့ စစ်ဘက်သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။
– စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ အစိုးရ နည်းပညာကောလိပ် GTC အနီးမှာ ဖေဖော်ဝါရီလ ၆ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲ တိုက်ခိုက်ရာ မှာ စစ်ကောင်စီဘက်က ၅ ဦးသေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက် ပေးပါမယ်
