31 C
Yangon

ထိုင်းနိုင်ငံတွင် ၁နှစ်ခွဲအရွယ် မြန်မာကလေးငယ် ပေ ၁၃၀ကျော် အနက်ရှိ ရေတွင်းထဲပြုတ်ကျမှု နာရီပေါင်း ၂၀ နီးပါးအကြာ ကယ်ဆယ်ရေး လုပ်ဆောင်ပြီးနောက် အသက်ကယ်နိုင်ခဲ့

Must read

ထိုင်းနိုင်ငံတွင် ၁နှစ်ခွဲအရွယ် မြန်မာကလေးငယ် ပေ ၁၃၀ကျော် အနက်ရှိ ရေတွင်းထဲပြုတ်ကျမှု နာရီပေါင်း ၂၀ နီးပါးအကြာ ကယ်ဆယ်ရေး လုပ်ဆောင်ပြီးနောက် အသက်ကယ်နိုင်ခဲ့

ရန်ကုန်| ဖေဖော်ဝါရီ၊ ၇

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် ဖို့ဖရဒေသတွင် အသက် ၁ နှစ်နှင့် ၇ လအရွယ်ရှိ မြန်မာမိန်းကလေးငယ်တစ်ဦးသည် ရေတွင်းပေါက်ထဲ ပြုတ်ကျသွားခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် အသက်ရှင်လျက် ကယ်တင်နိုင် ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ရေတွင်းပေါက်မှ အကျယ်တစ်ပေသာရှိပြီး ပေ ၁၃၀ကျော် အနက်ရှိသည်ဟု ဆိုသည်။

ကလေးငယ်မှာ ဖေဖော်ဝါရီလ ၆ရက် ညနေ ၅ နာရီခန့်တွင် ကျဉ်းမြောင်းသည့် ရေတွင်းပေါက်ထဲ ပြုတ်ကျခြင်းဖြစ်ပြီး အနက် ပေ ၅၀ ခန့်သို့ ရောက်ရှိသွားခြင်းဖြစ်ကြောင်း ရေးသားထားသည်။

ထိုင်းကယ်ဆယ်ရေးအဖွဲ့အစည်းများက ရေတွင်းပေါက်ကို ၁၆ နာရီကြာ ဆက်တိုက်တူးဖော်ပြီးနောက် ကလေးငယ်၏ ငိုသံကို စတင်ကြားရကြောင်း သတင်းများတွင် ဖော်ပြသည်။ ကလေးငယ်၏ မိခင်ဖြစ်သူမှာလည်း ငိုကြွေးနေခဲ့ကြောင်း ရေးသားထားသည်။

ကလေးငိုသံကိုကြားသော်လည်း ကျောက်တုံးများ ခံနေသဖြင့် ကယ်ထုတ်ရန် အခက်တွေ့ခဲ့ပြီး ယနေ့ နံနက် ၁၀ နာရီ ၄ဝမိနစ်ခန့်တွင် ကလေးငယ်ကို အသက်ရှင်လျက် အန္တရာယ်ကင်းစွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း ဆက်လက်ဖော်ပြ သည်။

ကလေးငယ်အား အပြင်သို့ ဆွဲထုတ်နိုင်ရန် ကယ်ဆယ်ရေးအဖွဲ့များက ယမန်နေ့ ညနေပိုင်းမှစတင်ကာ ယနေ့ ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းအထိ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်တိုက်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

Ref: Khaosod Online, Thairath

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article