30 C
Yangon

လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် တူရကီနှင့် ဆီးရီးယားတို့တွင် သေဆုံးသူ ၄၆၀၀ ကျော်ရှိလာ

Must read

လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် တူရကီနှင့် ဆီးရီးယားတို့တွင် သေဆုံးသူ ၄၆၀၀ ကျော်ရှိလာ

ရန်ကုန်| ဖေဖော်ဝါရီ ၇

တူရကီနိုင်ငံ အရှေ့ပိုင်းနှင့် အိမ်နီးချင်း ဆီးရီးယားနိုင်ငံတို့တွင် ပြင်းအား ၇ ဒဿမ ၈ အဆင့်ရှိသည့် ငလျင်ဒဏ်ကြောင့် လူပေါင်း ၄၆၀၀ ကျော်သေဆုံးခဲ့ပြီး ပြိုလဲသွားသည့် အဆောက်အအုံ အပျက်အစီးများကနေ ကျန်ရစ်သူများကို ကယ်ဆယ်ရေးအဖွဲ့က အပူတပြင်း လိုက်လံရှာဖွေနေသည်။

အဆိုပါ ငလျင်ဘေးအတွက် နိုင်ငံတကာ အကူအညီများ စေလွှတ်ခဲ့သော်လည်း အေးခဲနေသည့် ရာသီဥတုဒဏ်နှင့် နောက်ဆက်တွဲ အပျော့စားငလျင်ပေါင်း ၂၀၀ နီးပါး ဆက်တိုက်လှုပ်ခတ်နေသောကြောင့် ကယ်ဆယ်ရေး အဖွဲ့အနည်းငယ်သာ မြေပြင်တွင် ကြာရှည်နေနိုင်ကြောင်း ဆိုသည်။

ထို့အပြင် တူရကီနိုင်ငံ အရှေ့တောင်ပိုင်းက Kahramanmaras ပြည်နယ်ကို ဗဟိုပြု လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ဒမတ်စကတ်နှင့် ဘေရွတ်မြို့ခံများသည် လမ်းမများပေါ်အမြန်ပြေးတက်ရပြီး ကိုင်ရိုမြို့အထိ အရောက်သွားခဲ့ကြသူများလည်း ရှိကြောင်း သိရသည်။

ငလျင်ဗဟိုချက်၏ အနောက်တောင်ဘက်ရှိ Hatay ပြည်နယ်တစ်ဝှမ်းတွင် အဆောက်အအုံပေါင်း ၁,၅၀၀ ခန့် ပျက်စီးခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့များ မရောက်ရှိသေးခြင်းကြောင့် လူပေါင်းများစွာ ပိတ်မိနေဆဲဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

Hatay ပြည်နယ်၏ အားကစားစင်တာများနှင့် ရိပ်သာမျာမှာ လူအများအပြား ခိုလှုံနေကြရသလို ငလျင်ဗဟိုချက်၏ ၃၃ ကီလိုမီတာ (၂၀ မိုင်) ခန့်အကွာမှာရှိသော ပြည်နယ်မြို့တော် Gaziantep တွင် လူများသည် စျေးဝယ်စင်တာများ အားကစားကွင်းများ၊ ဗလီများနှင့် ပြည်သူပိုင် အဆောက်အအုံများတွင် ခိုလှုံနေရကြောင်း သိရသည်။

တူရကီပြည်နယ် ၁၀ ခုတွင် အနည်းဆုံး လူ ၂၉၂၁ ဦး သေဆုံးခဲ့ပြီး ၁၆,၀၀၀ နီးပါး ဒဏ်ရာရခဲ့ကြောင်း တူရကီအာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။

အလားတူ ဆီးရီးယားနိုင်ငံ၏ အစိုးရထိန်းချုပ်နယ်မြေများတွင် သေဆုံးသူ ၆၅၆ ဦးအထိ တိုးမြင့်လာပြီး ဒဏ်ရာရသူ ၁,၄၀၀ ခန့်ရှိကြောင်း ဆီးရီးယား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထို့အပြင် ဆီးရီးယား အနောက်မြောက်ပိုင်းက လက်နက်ကိုင်များ ထိန်းချုပ်ထားသည့် ဒေသများတွင် လူ ၄၅၀ အနည်းဆုံး သေဆုံးထားပြီး ရာနှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားထားသည်။

တူရကီသမ္မတ အာဒိုဂန် က နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း ခုနစ်ရက်တာကာလအဖြစ် ကြေညာထားသည်။

ဆီးရီးယား၏ ၁၂ နှစ်ကြာ ပြည်တွင်းစစ်နှင့် ဒုက္ခသည်ဆိုင်ရာ ပဋိပက္ခများကြောင့် နဂိုရှိနေသည့် အပျက်အစီးများကြား ငလျင်ကြောင့် ပိတ်မိနေသူများနှင့် ကယ်ဆယ်ရေးအဖွဲ့များ ထိခိုက်မှုရှိပြီး သေဆုံးမှုဦးရေ ပိုမိုမြင့်တက်လာမည်ကို စိုးရိမ်လျက်ရှိကြောင်း တာဝန်ရှိသူများက ဆိုသည်။

Ref: AP

Photo: AP, AFP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article