စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့် ရှိမလာစေရေး တညီတညာတည်း ဝိုင်းဝန်းကြိုးစားပေးကြရန် NUG ပြည်ထောင်စု ဝန်ကြီးချုပ် တိုက်တွန်း
ရန်ကုန် ၊ ဖေဖော်ဝါရီ ၇
စစ်တပ်အာဏာသိမ်းမှု ၃ နှစ်ပြည့် မရှိလာစေရေးဝိုင်းဝန်းကြိုးစားပေးကြရန် NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အမျိုးသား ညီညွတ်ရေးအစိုးရ၏ ၅ /၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် တိုက် တွန်း ပြောကြားသည်။
စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်မြောက်သွားသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တော်လှန်ရေး ဘက်တော် သားများ စီစဉ်ဆောင်ရွက်ခဲ့ကြသည့် silent strike တွင် မတရားမှုကို လက်မခံနိုင်သည့် ပြည်သူလူထုက တညီတညာတည်း ပါဝင်ပေးခဲ့ကြကြောင်း၊ လက်နက်အားကိုး အကြမ်းဖက်စစ်တပ်ကို ပြည်သူက လက်မခံသည်မှာ အသေအချာပင် ဖြစ်ကြောင်း၊ ရက်စက်ယုတ်မာမှု၊ လက်နက်မိုးအုပ်ချုပ်နေသည့် စစ်တပ်ကို ခေါင်းငုံခံနေရသော်လည်း အခွင့်အခါရလျှင်ရသလို ဆန့်ကျင်နိုင်ရေး ကြိုးစားနေသည်ကို ဖေ ဖော်ဝါရီလ ၁ ရက်နေ့ အသံတိတ်သပိတ်အောင်မြင်မှုကြည့်ပါက သိမြင်နိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်း ဝင်းခိုင်သန်းက ထောက်ပြပြောဆိုသည်။
“ပြည်သူတွေရဲ့ တော်လှန်ရေးအပေါ် ခံယူချက်၊ ယုံကြည်ချက်တွေဟာ တစ်စက်ကလေးမှ မလျော့သွား ဘဲ ပါဝင်ပေးနေကြတာကို သိရတဲ့အတွက် အလွန်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။ ပြည်သူတွေရဲ့ ယုံကြည်မှုတွေအတွက် ကျွန်တော်တို့ အစိုးရအနေနဲ့လည်း အကြမ်းဖက်စစ်ကောင်စီကို ဖြိုဖျက်ဖို့ သန် မာသထက် သန်မာအောင် ကြိုးစားသွားမယ်လို့လည်း ကတိပေး ပြောကြားလိုပါတယ်။ နိဂုံးချုပ် အနေနဲ့ တော်လှန်ရေးရဲ့ ၃ နှစ်မြောက် နှစ်ပတ်လည်ဆိုတာမျိုး မရှိစေရအောင် ကျွန်တော်တို့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေအားလုံးအနေနဲ့ တော်လှန်ရေးအစုအဖွဲ့တွေ အားလုံးနှင့်အတူ တညီတညာတည်း ဝိုင်းဝန်း ကြိုးစားပေးကြဖို့ တိုက်တွန်းပါတယ်။”ဟု NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောကြား သည်။
တော်လှန်ရေးကို ပံ့ပိုးနိုင်သည့် ကဏ္ဍအစုံမှ ပံ့ပိုးပေးရင်း အောင်ပွဲနေ့ မျှော်လင့်နေသည့် ပြည်သူများ အတွက် တော်လှန် ရေး အင်အားစုများအားလုံးက တက်ညီလက်ညီ စုစုစည်းစည်းအားကုန်ရုန်းကြရန် အရေးကြီး ကြောင်း၊ အကြမ်းဖက်စစ်တပ် အမြန်ဆုံးဖယ်ရှား နိုင်ရေးသည် နံပါတ် ၁ ဆောင်ရွက်ရမည့် ကိစ္စဖြစ်ကြောင်း ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ဆက်လက် ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီမှ အာဏာသိမ်းမှု ၆ လ ထပ်တိုးခဲ့ခြင်း နှင့် အတူ ၃၇ မြို့နယ်ကိုလည်း အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေးအာဏာကို ကျင့် သုံးရန် အမိန့်ထွက်ခဲ့မှုအပေါ် NUG အစိုးရအနေဖြင့် စနစ်တကျ လေ့လာသုံးသပ်ရန် လိုကြောင်း၊ အ ကြမ်းဖက်စစ်ကောင်စီအနေဖြင့် မည်သို့ပင်ပုံစံပြောင်းပါစေ ပြည်သူလူထုကို ညှင်းပန်းနှိပ်စက် ဒုက္ခပေး ရန် အစီအစဉ်ဖြစ်မည်မှာ အသေအချာဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရတစ်ရပ်အနေဖြင့် ပြည်သူများ ထိခိုက်မှုနည်းနိုင်သမျှနည်းအောင် ကြိုးစားရမည့်တာဝန်အပြည့်အဝရှိသည်ဟု ဆိုသည်။
