မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်ကားတစ်စီးထိမှန်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးအမြန်လမ်းကြီ၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် စစ်ယာဉ်တန်းကို ပဒေသာမိုင်းဆွဲတိုက် ခိုက်ခဲ့ရာ ၃ စီးမြောက်ကားကို ထိထိမိမိ ထိမှန်ခဲ့ ကြောင်း မုံရွာခရိုင် တပ်ရင်း ၁၁ သတင်းနှင့်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ Daung Karyan က ရန်ကုန် ခေတ် သစ်မီဒီယာဌာနသို့ ပြောကြားသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၄ နာရီ ၂၅ မိနစ်က မုံရွာမြို့မှ ချောင်းဦးမြို့သို့ လာရောက်သော အကြမ်းဖက်စစ်ကား ၆ စီးကို ပြည်သူ့ကာကွယ်တပ်ဖွဲ့မှ ပဒေသာမိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ ရာ ယာဉ်တန်း၏ ၃ စီးမြောက်ကားကို ထိထိမိမိ ထိမှန်ခဲ့ပြီး ကားဘော်ဒီတစ်ခြမ်း စုတ်ပြတ်၍ လှုပ်ခါ သွားကာ ယာဉ်ပေါ်ပါ အကြမ်းဖက်စစ်သားများထိခိုက်မှု ရှိ၊ မရှိ မသိရသေးကြောင်း သိရသည်။
“ကားပေါ်မှာ တစ်စီးကို စစ်ခွေး ၂၀ ကျော် လောက်ပါတယ်၊ ကားတစ်ခြမ်းလုံးစုတ်ပြတ်သွားပေမယ့် ရမ်းသမ်းပစ်ခတ်ပြီး ဆက်မောင်းသွားတယ်၊ စစ်ခွေးထိခိုက်သေဆုံးမှု အခြေအနေက စုံစမ်းလို့မရသေး ဘူး၊ ချောင်းဦးမြို့အထိပဲ သွားတဲ့ကားတွေ၊ ဆက်မသွားတော့ဘူး” ဟု မုံရွာခရိုင် တပ်ရင်း ၁၁ သတင်း နှင့်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ Daung Karyan က ရန်ကုန် ခေတ်သစ်မီဒီယာဌာနသို့ ပြောဆို သည်။
အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း (People’s Defense Force – South Monywa)၊ Monywa People’s Liberation Force- ဒေါင်းမင်းစစ်ကြောင်းတပ်ခွဲနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- ကရင်နီပြည်နယ်တွင် မိုင်းဆွဲခံထားရသည့် စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်)
![](https://yktnews.com/wp-content/uploads/2023/02/417-1-1024x540.jpg)