မြိုင်မြို့နယ်တွင် ကျောင်းသား ပြည်သူများ အကြမ်းဖက် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
မြိုင်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်၊ ဗဟိုစည်းရုံးရေးကော်မတီ (ပခုက္ကူဒေသ)မှ ရဲဘော်များနှင့် မြိုင်မြို့နယ် ဒေသခံ ပြည်သူလူထုတို့ ပူးပေါင်းကာ “ငါတို့ အညာ ငါတို့ ပိုင်သည်” ကြွေးကြော်သံဖြင့် ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။