တန့်ဆည် ပင်မသပိတ်စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃
တန့်ဆည်မြို့နယ် ပင်မသပိတ် စစ်ကြောင်း ဦးဆောင်ကာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က “စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုအတွက် ရဲရဲ တိုက်ပွဲဝင်ကြ” ၊ “ဖိလေကြွလေ တန့်ဆည်မြေ” ၊ “အဖိနှိပ်ခံတို့ညီညွတ်ကြ တောင်တန်းပြည်မ သွေးစည်းကြ” စာတန်းများ ကိုင်ဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။



