အောင်ဆန်းသားသမီးများ သပိတ်စစ်ကြောင်း ဖက်ဆစ် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃
အရာတော်တွင် အောင်ဆန်း သားသမီးများ သပိတ်စစ်ကြောင်း ဦးဆောင်ကာ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၈ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ဖက်ဆစ် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ ချီတက် ဆန္ဒပြပွဲကို လူအင်အား ထောင်နှင့်ချီ ပူးပေါင်းပါဝင်ခဲ့ပြီး အရာတော်မြို့နယ် လူထု သပိတ်ဦးဆောင်ကော်မတီမှ ဦးဆောင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။