“အောင်ဆန်းသွေးက ရဲတယ် ငါတို့အားလုံး အောင်ဆန်းတွေဖြစ်တယ်” စာတန်း ကိုင်ဆောင်ကာ လောင်းလုံးတွင် ကျောင်းသား လူငယ်များ ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃
လောင်းလုံးမြို့နယ်တွင် “အောင်ဆန်းသွေးက ရဲတယ် ငါတို့အားလုံး အောင်ဆန်းတွေဖြစ်တယ်” စာတန်း ကိုင်ဆောင်ကာ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ်အဖြစ် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ ချီတက် ဆန္ဒပြပွဲကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီမှ ဦးဆောင်ပြီး ကျောင်းသား လူငယ်များက ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။